Part 32

666 37 2
                                    

ဝေ့ရင်းတို့ပြန်ရောက်ပြီးတစ်ပတ်အကြာ ဝေ့ဂိုဏ်းမှာ မဂ်လာပွဲပြုလုပ်ပေးတယ် ။
စစဦးဆုံးတိုင်ပင်ကြတော့ ဝေရင်းက မဂ်လာပွဲလုပ်ဖို့ကို ငြင်းတယ် ။ လန်ကျန့်က လူများတဲ့နေရာမျိုး ြှမေကွိုကျတာသူသိတယျလေ ။.ဒီတိုင်းလဲ သူတို့နှစ်ယောက်က တရားဝင်ဇနီးမောင်နှံတွေ ဖြစ်ပြီးသားပဲလေ ။
နောက်တော့လဲ လန်ကျန့်က လက်ခံလိုက်တာကြောင့် သူလဲ ထပ်မငြင်းမိတော့ချေ။

အခုတော့ အခမ်းအနားအပြင်အဆင်တွေလှည့်ပတ်ကြည့်နေပြီး ပျော်နေတဲ့သူ့အသဲသက်ညှာလေးကြောင့် ဝေ့ရင်းစိတ်အေးရပြန်တယ် ။

" လန်ကျန့် ငါမင်းကိုပြစရာရှိတယ် "
လန်ကျန့်လဲ ဝေ့ရင်းခေါ်ရာနောက်လိုက်သွားတော့ သစ်သားတံခါးလေးတစ်ခုရှေ့ ရောက်လာခဲ့တယ် ။
အဲ့နေရာလေးကိုဖြတ်ပြီး သူတို့နှစ်ယာက်ဝင်သွားတော့ ပန်းမျိုးစုံပွင့်နေတဲ့ ဥယျာဥ်ကြီးတစ်ခုဆီရောက်သွားခဲ့တယ် ။
" ဒါကဘယ်နေရာလဲ "
အရောင်အသွေးစုံလင်လှတဲ့ ပန်းတွေအများကြီးအပြင် စမ်းချောင်းလေးတွေ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေတွေ့ရတော့ လန်ကျန့် တအံ့တသြဖြစ်မိတယ် ။

ဝေ့ရင်းလဲ လန်ကျန့်လက်လေးကိုတွဲပြီး ဥယျာဥ်ထဲ လျောက်ပတ်ကြည့်ကြတယ် ။
လန်ကျန့်ကတော့တအံ့တသြ ။
" wow ဝေ့ရင်း ဒါကဘယ်နေရာလဲ "
" ဒါကငါ့ရဲ့ ဥယျာဥ်လေး "
" မင်းရဲ့ဥယျာဥ် ၊ ဒါဆိုမင်းမှာ ဥယျာဥ်တွေအများကြီးရှိတာပေါ့ "
" မဟုတ်ဘူး ဒိနေရာလေးက ထူးခြားတယ် ၊ ငါ့ကိုမွေးခဲ့တဲ့နေရာ "
" အင်း ဒီနေရာလေးက အေးချမ်းပြီးလှလိုက်တာ ၊ ငါလဲ ဒီနေရာမှာပဲမင်းနဲ့တူတဲ့သားလေးတစ်ယောက်လောက်မွေးပေးချင်လိုက်တာ "
စကားလုံးဆုံးရော လန်ကျန့်သူ့ဘာသာပြန်တွေးမိပြီး ပါးလေးနှစ်ဖက်ရဲတက်လာတော့တယ် ။

အရှက်သည်းသွားတဲ့ သူ့ရဲ့လန်ကျန့်လေးကို ဝေ့ရင်းစချင်လာတာနဲ့
" ဒါဆို မင်းရဲ့အစီအစဥ်ကို ကိုယ်အခုပဲ အကောင်အထည်ဖော်ပေးမယ်လေ "
" အာ.....အရှက်မရှိလိုက်တာ သွား....သွား"

စရင်းနောက်ရင်းနဲ့ နောက်ဆုံးတော့နှစ်ယောက်သား အရိပ်တစ်နေရာအောက်မှာ လှဲချရင်း ကောင်းကင်ကြီးကိုတမေ့တမော ငေးနေကြတော့တယ် ။
သူတို့ကြားကလေထုကတော့ တိတ်ဆိတ်လျက်ပေါ့ ။
" လန်ကျန့် တကယ်လို့တစ်နေ့ ငါသေသွားခဲ့ရင် ငါ့ကို ဒီနေရာမှာ မြှုပ်ပေးပါလား "
လန်ကျန့်ကတော့ သကျပွငျူအရှညျကွီးခလြကြျနဲ့ပဲ
" အင်း...ဒါပေမယ့် အဲ့မတိုင်ခင် ငါတို့နှစ်တွေရာနဲ့ချီပြီး တူတူပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် "
ဝေ့ရင်းလဲ သူ့ရဲ့ကိုယ်ပိုင်ယုန်သွားလေးနှစ်ချောင်းပေါ်အောင်ပြုံးပြရင်း ခေါင်းငြိမ့်ပြခဲ့တယ် ။

I am your ALPHA and you are my OMEGAWhere stories live. Discover now