Part 20

572 53 3
                                    

Xiao zhan ကတော့ အရာအားလုံးသူစီစဥ်ထားတဲ့အတိုင်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားတယ် ။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတည်းက သူကလျို့ဝှက်စံအိမ်တော်တစ်ခုတည်ဆောက်ထားပြီးသား ။ တစ်နေ့မဟုတ်တစ်နေ့တော့ ဝမ်လျိုဟန်တို့နဲ့ထိပ်တိုက်တွေ့ရမယ်မှန်းသူကြိုသိတယ် ။
သူ့မိသားစုဝင်တွေအကုန်လုံးကို သန်ဘက်ခါ အဲ့ကိုအပြီးပြောင်းနေခိုင်းဖို့လဲ အကုန်စီစဥ်ထားပြီးပြီ ။ ဘယ်သူ့ကိုမှ ထိခိုက်ဒဏ်ရာလေးတောင်မရစေချင်ဘူး ။

" ပါးပါး တောင်းပန်ပါတယ်နော် သားလေး "
xiao zhan. yizhan လေးအတွက်အဝတ်အစားတွေထည့်ပေးနေရင်း ပြောလိုက်တယ် ။ ထိုအိမ်ကိုသူလိုက်သွားဖြစ်မှာမဟုတ်ဘူးလေ ။
"ပါးပါး သားလေးတောင်တဖြည်းဖြည်းကြီးလာပြီ ၊ချစ်ဖို့ကောင်းလိုက်တာ ၊ yibo နဲ့အရမ်းတူတာပဲ ၊ပါးပါးရဲ့သားလေရေ ပါးပါးနဲ့ခဏတော့ ခွဲနေရဥိးမယ်နော် ၊ သားကိုပါးပါးကလွမ်းနေတော့မှာပဲ ၊ yibo နဲ့ရှိနေရင်လဲမဆိုးရဘူးနော် ၊ yibo ကိုလဲအနှောင့်အယှက်မပေးရဘူးနော် ၊ လိမ္မာတယ်မလား "
xiao zhan ပြောနေတာကို yizhan လေးကနားလည်ဟန်ရီပြတယ်

xiao zhan မှာအထုတ်တွေထည့်လိုက် yizhan လေးနဲ့စကားပြောလိုက်အလုပ်တွေရှုပ်နေတုန်း တံခါးခေါက်သံကြားကြောင့်သွားဖွင့်ပေးလိုက်တယ် ။
" ဝင်ခဲ့လေ "
တံခါးရှေ့ကလူကိုမြင်တော့ xiao zhan ပင်ပန်းနေတာတွေအကုန်ပျောက်သွားတော့တယ်
" yibo လာလေ၊ တစ်ခုခုလိုလို့လား "
yibo ခေါင်းခါပြတယ် ။ အခန်းထဲကိုကြည့်လိုက်တော့ ခရီးဆောင်အိတ်ကို yibo တွေ့သွားတော့တယ် ။
" zhan မင်းဘယ်သွားမလို့လဲ ၊ အိတ်ကဘာလုပ်ဖို့လဲ "
"သန်ဘက်ခါကျရင်မင်းတို့အားလုံးကို ခရီးလိုက်ပို့မလို့ "
" မင်းရောလား "
" အမ်..ငါကဒီမှာနှစ်ရက်လောက်ထပ်နေရဦးမယ် ၊ အလုပ်တွေလက်စသတ်ပြီးတာနဲ့ မင်းတို့နောက်လိုက်ခဲ့မှာပါ "
yibo ခေါင်းညိမ့်လိုက်ပေမယ့် သူ့စိတ်တွေထဲအရမ်းလေးနေတယ်
" ဒါဆို yizhan လေးကိုရော ဘယ်လိုလုပ်မလဲ "
" yibo မင်းကငါ့ရဲ့ လက်တွဲဖော်ဖြစ်လာမယ့်သူဆိုတာ မင်းသိတယ်မလား "
yibo ရှက်လို့ပါးလေးတွေနီလာတော့တယ်
" yeah, ဒါပေမယ့် ငါတို့တစ်ယောက်နဲ့တစ်ယောက်မှလက်မခံကြသေးတာ "

I am your ALPHA and you are my OMEGAWhere stories live. Discover now