Part 15

670 60 4
                                    

မားတို့ဝိုင်းစနေကြတာနဲ့ yibo ရော xiao zhan ပါမျက်နှာတွေနီလာကြတော့တယ်
ရင်ခုန်သံတွေ မြန်နေကြတာတော့သူတို့ကိုယ်တိုင်သာအသိဆုံးဖြစ်လိမ့်မယ်
"yibo ငါအပေါ်ပြန်တက်တော့မယ်နော် "
yibo လဲ yizhan လေးကို xiao zhan ဆီပေးလိုက်တော့ yizhan လေးကထငိုတော့တယ်
" အာ...သားရေ၊ yibo လဲခုနမှရောက်တာလေနားဦးမှာပေါ့ မနက်ဖြန်ကျမှ တစ်နေ့လုံး yizhan လေးနဲ့ဆော့ပေးလိမ့်မယ် ဟုတ်တယ်မလား yibo "
အဲ့တော့မှပဲ yizhan လေးလဲအငိုတိတ်ပြီး xiao zhan လက်ပေါ်မှာငြိမ်သွားတော့တယ်

yibo လဲ yizhan လေးရဲ့နဖူးလေးကိုအသာလေးနမ်းလိုက်တော့ xiao zhan က
" ငါ့အတွက်ရော "
xiao zhan တိုးတိုးလေး ပြောလိုက်ပေမယ့် yibo ကတော့သေချာကြားလိုက်တယ်
" ဟမ်..မင်းတစ်ခုခုပြောလိုက်သေးလား "
" မ...မပြောပါဘူး."
" ဒါဆိုငါ အပေါ်တက်တော့မယ်နော် "

yibo လဲအခန်းထဲရောက်တာနဲ့ကုတင်ပေါ်ပစ်လှဲလိုက်တော့တယ်
မျက်လုံးမှိတ်လိုက်တာနဲ့ zhan ရဲ့ပုံရိပ်တွေကအစီအရီတစ်ခုချင်းပြန်ပေါ်လာတော့တယ်
" အာ....zhan ကပိုချောလာလိုက်တာ၊ အရင်လိုစကားလဲမများတော့ဘူး "
yibo တွေးရင်းတွေးရင်းနဲ့လွန်ခဲ့တဲ့ ၆နှစ်ကအကြောင်းတွေကိုပါပြန်တွေးမိတော့ မျက်ရည်တွေတသွင်သွင်ကျလာတော့တယ်
" zhan ကိုငါကိုယ်တိုင်အဝေးကိုတွန်းပို့ခဲ့မိတာ ငါဘာလို့အဲ့လိုလုပ်ခဲ့တာလဲ
ငါတောင်းပန်ပါတယ် zhan ရယ် ငါတောင်းပန်ပါတယ်  ငါမင်းခံစားချက်တွေကို မတွေးပေးခဲ့မိဘူး "
yibo လဲငိုရင်းနဲ့ပဲ ခရီးလဲပန်းလာတာကြောင့်အိပ်ပျော်သွားတော့တယ်

yibo အပေါ်တက်သွားပြီး သိပ်မကြာဘူး.xiao zhan လဲပဲအပေါ်တက်လာခဲ့တယ်
yibo နောက်ဆုံးတော့သူ့ကိုအရင်ကလောက် ခါးခါးသီးသီးမဖြစ်တော့ဘူး သူ yibo ကိုပြုံးအောင်လုပ်နိုင်ခဲ့ပြီလေ သားလေးကိုလဲကျေးဇူးတင်ရမယ်
xiao zhan yibo ကိုချစ်နေဆဲပါ ဝေးကွာနေတဲ့အချိန်မှာတောင်အချစ်တွေကလျော့မသွားခဲ့ဘူး
" yibo ရယ် ငါမင်းကိုဘယ်လောက်ချစ်ကြောင်း ပြောပြချင်ပေမယ့်အချိန်မကျသေးဘူး ငါ့မှာလုပ်စရာတွေရှိနေသေးတယ် ငါဒီကိုပြန်လာတာက အကြောင်းပြချက်ရှိတယ်၊ အခုတော့ငါမင်းကိုဖွင့်မပြောရဲသေးဘူး yibo "

I am your ALPHA and you are my OMEGAWhere stories live. Discover now