Part 18

574 50 0
                                    

"မား,  ကျွန်တော့်မှာ ဘယ်လိုလုပ်အမြှီးထွက်လာတာလဲ ၉ ချောင်းတောင် "
ဝမ်မားနဲ့  ရှောင်းမားလဲ yibo အမြှီးလေးတွေကိုကိုင်ကြည့်လိုက်တော့
" haha, ယားတယ် မား "
yibo ယားလို့ရီလိုက်တော့ နားရွက်ကလေးတွေကပါ wolf နားရွက်ပုံစံပြောင်းလဲသွားတော့တယ်
" hahaha yibo ချစ်စရာလေး "
မားကနားရွက်လေးကိုလက်ညှိုးထိုးပြတော့ yibo ကအံ့သြလို့မဆုံး
" မား ကျွန်တော်နားရွက်တွေပါပြောင်းကုန်ပြီလား "
" ဘာမှမဖြစ်ပါဘူး yibo ရဲ့၊ မင်းရဲ့ wolf ကပုံစံထုတ်ပြချင်နေပြီထင်တယ်
အခုအိပ်လိုက်တော့လေ ၊ ညဥ့်လဲနက်နေပြီ ၊ မနက်ဖြန်ဆိုမင်းတစ်ကိုယ်လုံး wolf ပုံစံပြောင်းသွားမယ်ထင်တယ် "
ဝမ်မားလဲ yibo နဖူးလေးကိုနမ်းလိုက်ပြီး အခန်းထဲကထွက်သွားတော့တယ်
" see you tomorrow son "

yibo ကတော့ခုချိန်ထိ မှန်ရှေ့ကမခွာသေး၊ နားရွက်လေးကိုကိုင်ကြည့်လိုက် အမြှီးလေးကိုကိုင်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေလေတယ်
yibo သူ့ကိုယ်သူတောင် မယုံနိုင်သေးဘူး။ ငယ်ငယ်ကတည်းက သာမန်ကလေးမဟုတ်မှန်းသိပေမယ့် တစ်ခါမှမူမမှန်တာအရိပ်အယောင်တောင်မဖြစ်ဖူးတော့ ရုတ်တရက်ကျတော့အထူးအဆန်းဖြစ်နေမိတယ် ။

မားနှစ်ယောက်ကလဲ yibo အခန်းထဲကထွက်လာပြီးနောက် တီးတိုးတိုင်ပင်နေကြတော့တယ်
" yibo ပုံစံကလုံးဝပြောင်းလဲတော့မယ် ၊ငါတို့သူ့ကိုတစ်ခြားသူလက်ထဲကနေဘယ်လိုကာကွယ်ကြမလဲ ၊ zhan ထက်ပိုခက်ခဲလိမ့်မယ် "
" ငါလဲမသိတော့ဘူး ရှောင်းပါးနဲ့ ဝမ်ပါးသာရှိရင်အဆင်ပြေမှာ ၊ ရန်သူတွေဘက်ကလဲ လှုပ်ရှားနေလောက်ပြီ "
" ငါက zhan ကအမြှီးကိုးချောင်းဖြစ်မယ်ထင်ခဲ့တာ haha "
" Yeah, zhan ကနင့်ဗိုက်ထဲမှာကတည်းကသူကထူးခြားတာလေအမြဲ ငြိမ်နေတာ၊ yibo ကတော့ပြောမနေနဲ့ ငါ့ဗိုက်ထဲမှာကတည်းက တစ်စက်မှကိုအငြိမ်မနေတာ "
မားနှစ်ယောက်လဲ သူတို့စိတ်ပူနေတာတွေ စိုးရိမ်နေတာတွေကိုဖုံးကွယ်ဖို့အတွက် စကားလမ်းကြောင်းလွှဲလိုက်ကြ တော့တယ် ။

နောက်နေ့မနက်ရောက်တော့ xiao zhan ဟာကလေးငိုသံကြောင့်အစောကြီးနိုးလာခဲ့တယ်
yizhan လေးကိုချီရင်းလမ်းလျောက်ပြီးပြန်သိပ်လိုက်တော့ ကလေးကပြန်အိပ်ပျော်သွားတော့တယ် ။
xiao zhan လဲ yizhan လေးဘေးကိုခေါင်းအုံးတွေကာပေးခဲ့ပြီးအခန်းအပြင်ကိုထွက်လာခဲ့တယ်။
ကော်ရတာ ရှေ့ဖြတ်လျောက်လာတဲ့အချိန်မှာပဲ yibo အခန်းထဲကနေ အသံတစ်ခုကြားလိုက်ရတယ် ။ xiao zhan စိတ်ပူတာနဲ့ yibo အခန်းထဲဝင်ကြည့်လိုက်တော့...

I am your ALPHA and you are my OMEGAWhere stories live. Discover now