MX 1

15.5K 796 54
                                    

Unicode

ရီနိုင်ငံတော်...

တိတ်ဆိတ်လွန်းတဲ့ ညသန်းခေါင်ယံအချိန်.

ရှောင်းပညာရှိအမတ်ကြီးရဲ့ အိမ်တော်မှာတော့ ရှောင်းကတော်က ၂ နှစ်သားအရွယ်သားတော်လေးကို တင်းတင်းပွေ့ချီထားရင်း မျက်ရည်ဖြိုင်ဖြိုင်ကျနေလေသည်။

"ရှင်မ သားတော်လေးကို ခေါ်ပြီး အမြန်ထွက်ခွာဖို့ပြင်ပါတော့."

"ကျွန်မလည်း သခင်ကြီးနဲ့ နေခဲ့ပါရစေ."

"ဘယ်လိုပြောလိုက်တာလဲ ရှင်မရယ်။ မင်းပါတစ်ခုခုဖြစ်သွားရင် သားတော်လေးကို ဘယ်သူစောင့်ရှောက်မှာလဲ."

"ရှင်တစ်ခုခုဖြစ်သွားရင်ရော ကျွန်မတို့ သားအမိ ဘယ်လိုများ ဆက်ရှင်သန်ရမှာလဲ."

ရှောင်းအမတ်ကြီးက ရင်ထဲမှာ ပူပန်နေပေမယ့် ထိန်းချုပ်ထားရင်း

"ယန်ဟွားနယ်ကို ရောက်အောင်သွားပါ။ ငါ နောက်ကနေ လိုက်ခဲ့မယ်."

ရှောင်းကတော်က မယုံရဲသလို အစေခံအလုပ်သမားတွေလည်း မျက်နှာမကောင်းကြပေ။

"အမတ်ချင်က ရှင့်ကို ချမ်းသာပေးပါ့မလားရှင်။ အခုက နန်းတွင်းကို သူတို့ ဝင်စီးပြီးသွားပြီလေ။ ရှင်က ဝမ်ဘုရင်ရဲ့ သစ္စာခံအမတ်မှန်းသိနေတာ အလွတ်ပေးပါ့မလား."

"ငါအဆင်ပြေမှာပါ ရှင်မရယ် စိတ်မပူပါနဲ့ ။ အိမ်‌ရှေ့စံလည်း စစ်ပွဲကနေ ပြန်လာနေပါပြီ."

"အိမ်ရှေ့စံနဲ့ စစ်တပ်အဖွဲ့တွေ အချိန်မီမရောက်ရင်..."

"တံခါးဖွင့်စမ်း."

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် ရှောင်းအမတ်ကြီးက စိတ်ပူစွာဖြင့် အိမ်တော်ထိန်းကြီးနှင့် ကိုယ်ရံတော် နှစ်ယောက်ကိုကြည့်ရင်း

"သွားကြတော့။ ငါ့ရဲ့ဇနီးနဲ့ သားတော်လေးကို ဘေးကင်းရာထိရောက်အောင် ပို့ဆောင်ပေးကြပါ။ မင်းတို့ရဲ့ကျေးဇူးကို တသက်မမေ့ပါဘူး."

အိမ်တော်ထိန်းကြီးနဲ့ ကိုယ်ရံတော်တွေက ရှောင်းအမတ်ကြီးရှေ့ ဒူးထောက်ထိုင်ချလိုက်ကြပြီး

"သခင်ကြီး ဒီလိုမပြောပါနဲ့။ သခင်ကြီးရဲ့ ကျေးဇူးတွေ ကျွန်တော်မျိုးတို့အပေါ်မှာ ဆပ်လို့ မကုန်နိုင်ပါဘူး."

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now