Unicode
၆ လ မျှကြာပြီးနောက်...
ယွီး... ဟီးးး...
ဖြောင်း ဖြောင်း ဖြောင်း....
ခွပ် ခွပ် ခွပ်....
ဝှစ်...
တစ်တောလုံးသည် မြင်းခွါသံတွေ၊ လေးမြား၊ လှံတံ ပစ်သံတွေ၊ သားကောင်တွေရဲ့ အော်သံတွေနဲ့ ဆူညံပွက်လောရိုက်နေလေသည်။
ဝှီး...
ဝေါင်း...
ကြီးမားထွားကြိုင်းလှသော တောကျားသစ်ကြီးသည် အသံနက်ကြီးဖြင့်အော်ရင်း ဘိုင်းခနဲပစ်လဲကျသွားသည်။
ဟေး... ယေး....
နိုင်ငံပေါင်းစုံချစ်ကြည်ရေးတည်ဆောက်ရန်အတွက် နိုင်ငံအစုံမှရှင်ဘုရင်တွေအားလုံး ရီနိုင်ငံသို့ ရောက်ရှိနေကြပြီး တော်ဝင်တောအုပ်ထဲမှာ အမဲလိုက်နေကြခြင်းဖြစ်သည်။
ရိပေါ်သည် အိမ်ရှင်နိုင်ငံလည်း ဖြစ်နေခြင်းကြောင့် တောကောင်နောက်ကို လိုက်ရုံသာလိုက်နေပြီး လက်နက်တွေနှင့်ပစ်လွှတ်ခြင်းမရှိပေ။ တောကောင်ကို သတ်ဖြတ်ဖို့ တစ်ခြားနိုင်ငံက ဘုရင်တွေကို ဦးစားပေးထားလိုက်သည်။
လဲကျနေတဲ့ကျားသစ်နဲ့ မလှမ်းမကမ်းမှာ မြင်းတွေကို ဇက်သပ်ရပ်လိုက်ကြပြီး မြင်းပေါ်ကဆင်းလိုက်ကြသည်။
"ဟေး လက်နက်ပေါင်းစုံ စိုက်ဝင်နေတဲ့ ဒီကျားသစ်က ဘယ်လက်နက်ကြောင့် သေရတယ်လို့ သိနိုင်ပါတော့မလား"
"ချက်ကောင်းထိသွားတဲ့ လက်နက်ပိုင်ရှင်က ဒီကျားသစ်ကိုသတ်လိုက်တဲ့ သူရဲကောင်းလို့ ယူဆရမှာပေါ့ မဟုတ်ဘူးလား"
"မှန် တာ ပေါ့ ဗျာ ဟ ဟ ဟ"
ရယ်ကာမောကာဖြင့် တစ်ယောက်တစ်ခွန်း စကားဆိုရင်း ကျားသစ်အနားကို လျှောက်သွားနေကြတဲ့ ဧကရာဇ်မင်းတွေကိုကြည့်ပြီး ရိပေါ်က လှမ်းသတိပေးလိုက်သည်။
"အဆွေတော်တို့ သတိရှိကြဦးနော်"
"ဒီကောင်သေနေပါပြီ အဆွေတော်ဝမ်ရဲ့"
"သားရဲတွေဆိုတာ မာယာများတတ်ကြတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူးလေ"
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanfictionUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401