MX 24 (Final)

7.1K 438 80
                                    

Unicode

"သူကသေနေပြီ လူငယ်လေး။ ငါက သေသူကိုတော့ ပြန်ရှင်အောင် မလုပ်ပေးနိုင်ဘူးကွဲ့။ မင်းဒဏ်ရာတွေအရမ်းများတယ်။ ဆေးထည့်မှဖြစ်မယ်"

"မဟုတ်ဘူး"

ဆေးဆရာအဘိုးအိုရဲ့စကားကို သူ ဒေါသတကြီးငြင်းဆန်တုန့်ပြန်ရင်း နောက်ထပ် ဆေးဆရာကို လိုက်ရှာပြန်သည်။ ဒါနဲ့ဆို ဆေးဆရာ ၉ ယောက် ပြောင်းပြီးနေပြီဖြစ်သည်။

အဖြူရောင်လေးရဲ့တစ်ကိုယ်လုံးက ခရမ်းပြာရောင်ပြောင်းနေသည်။ နှုတ်ခမ်းလေးတွေကလည်း ပြာတောက်နေလေပြီ။ တစ်ကိုယ်လုံးကလည်း အေးစက်တောင့်တင်းနေသည်။

သူ စိုးရိမ်ပူပန်စွာဖြင့် အဖြူရောင်လေးကို ရင်ခွင်ထဲမှာ ဖွဖွလေး ပွေ့ထားလိုက်သည်။ ခပ်ကြမ်းကြမ်းဖျစ်ညှစ်လိုက်လျှင် ရေခဲတုံးတွေ ကွဲသွားသလို အဖြူရောင်လေးရဲ့ခန္ဓာကိုယ်လေးလည်း ကျိုးပဲ့သွားမှာ စိုးရိမ်မိလေသည်။

ဖြတ်သန်းလာတဲ့နေရာတစ်လျှောက် တွေ့သမျှလူတိုင်းက ဒဏ်ရာဗရပွ သွေးရဲရဲ သံရဲရဲနဲ့သူ့ကို အရူးတစ်ယောက်လို ကြောက်လန့်တကြားရှောင်ပြေးကြသည်။

"ရွာထဲမှာမဟုတ်ဘဲ နောက်ထပ် သမားတော်တွေ ဘယ်မှာ ရှိသေးလဲ ပြောစမ်း"

ရွံ့တွန့်တွန့်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ကို ဂုတ်ကနေဆွဲကိုင်မြှောက်ပြီး မေးတော့ ကောင်လေးက တုန်တုန်ရင်ရင်ဖြင့်

"ရွာအစွန်မှာ... တောစပ်မှာ အဖိုးအိုကျန်း ရှိ ရှိ..."

သူ ကောင်လေးကို ပစ်ချလိုက်ပြီး အဖြူရောင်လေးကို ညင်သာစွာပွေ့ယူလို့ လေအလျဉ်လို အမြန်ပြေးထွက်ခဲ့လိုက်သည်။

-------------------

"မင်း ဒဏ်ရာတွေကို အရင်ဆေးထည့်ရမယ် မောင်ရင်လေး"

"သူ့ကို အရင် ကု ပေး"

သူ သမားတော်အဖိုးအိုကို ကလန်ကဆန်ပြောရင်း လည်ပင်းကို ညှစ်ထားလိုက်သည်။ အဖိုးအိုက သူ့ကို ကြောက်ရွံ့ဟန်မပြဘဲ ဝေဝါးမှုန်ရီသော မျက်လုံးမှိုင်းများဖြင့် ကရုဏာသက်စွာကြည့်သည်။

"သူ့ကို ဘာဆေးမှမကုခင် ခန္ဓာကိုယ်ထဲက သွေးတွေလျှောက်ဖို့ အရင်မံထားရမယ်။ အဲ့ဒီအတွင်း မင်းဒဏ်ရာတွေကို ကုမှဖြစ်မယ်။ မဟုတ်ရင် သူမသေဘဲ မင်း သေသွားမယ်"

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now