Unicode
အားးးး....
အာ ခေါင် ထဲ မှ ခြစ် ၍ နာ ကျင် စွာ အော် လိုက် တဲ့ အ သံ နက် ကြီး က ည သန်း ခေါင် ယံ အ ချိန် မှာ စူး ရှ စွာ ပေါ် ထွက် လာ သည်။
"ဒီညစ်ပတ်တဲ့ လက်ချောင်းတွေနဲ့လား... အရှင့်ကို ထိဖို့ ကြိုးစားခဲ့ကြတာ..."
"အားးး..."
ရှောင်းကျန့်က မေးခွန်းကို အေးဆေးမေးလိုက်၊ ရှေ့ကလူတွေရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်း ဓါးနဲ့ခုတ်ဖြတ်လိုက် လုပ်နေသည်။ ထိုလူတွေမှာ နာကျင်လွန်းလို့ အသံတောင်မထွက်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ပြီး မေ့မျောသွားကြလေသည်။
အရှင့်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ကြတဲ့ သံမျက်နှာဖုံးနဲ့အဖွဲ့ကို ရှောင်းကျန့်က စစ်ကြောရေးစခန်းမှာ ကိုယ်တိုင်စစ်မေးနေခြင်းဖြစ်သည်။ ရှောင်းကျန့်ရဲ့ အပြစ်ပေးမှုတွေကို မြင်နေရတဲ့ စစ်ကြောရေးလုပ်နေကျရဲမတ်တွေပင် တုန်လှုပ်ခြောက်ခြားနေကြသည်။
ချန်ဟွေ့နဲ့ ရှင်းဖန်ဝေ့က ရှောင်းကျန့်ကို သေချာစိုက်ကြည့်နေကြသည်။ ရှောင်းကျန့်ရဲ့မျက်လုံးတွေက ဒေါသကြောင့် ရဲတောက်နေလေသည်။ နှုတ်ခမ်းထက်က အပြုံးတွေက ခနဲ့တဲ့တဲ့ဖြင့် သွေးအေးရက်စက်သည့် မျက်နှာမျိုး ဖြစ်သည်။
သတိမေ့သွားကြတဲ့ သူတွေကို သတိရလာအောင် ရေနဲ့ပက်စေဖို့ ရှောင်းကျန့်က ရဲမတ်တွေကို အမိန့်ပေးနေသည်။ ထိုသူတွေ ပြန်သတိရလာတာနဲ့ ရှောင်းကျန့်က
"မင်းတို့ရဲ့ ဒီညစ်ညမ်းတဲ့ မျက်လုံးတွေနဲ့ အရှင့်ကို မတန်မရာ ကြည့်ခဲ့ကြတယ်ပေါ့ ဟုတ်စ."
အားးး....
မျက်လုံးတွေဖောက်ထုတ်ခံလိုက်ရတဲ့သူတွေရဲ့ အသည်းခိုက်မတတ်နာကျင်နေတဲ့ အော်သံကြီးတွေက ညဉ့်သန်းခေါင်ယံမှာ ညံပွက်နေတော့သည်။
"အာ...မင်း တို့ အသံ ထွက်နိုင်နေကြသေးတာပဲ"
ရွှက်...
ရှောင်းကျန့် စကားအဆုံး ထိုသူတွေရဲ့ လျှာတွေပြတ်ထွက်သွားသည်။
"အဲ့ဒါတွေ အကုန် ခွေးကျွေးပစ်လိုက်."
ရဲမတ်တစ်ယောက်က အမိန့်အတိုင်းပင် ပြတ်ထွက်သွားတဲ့ လျှာတွေနှင့် လက်ချောင်းတွေကို ကောက်ယူလို့ ခွေးလှောင်အိမ်ဆီ ယူသွားကြလေသည်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanfictionUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401