Unicode
"အရှင်က ရှန်နိုင်ငံသူမိန်းမပျိုကို ကိုယ်လုပ်တော်ရွေးလိုက်တယ် တဲ့"
"စစ်ရှုံးတဲ့နိုင်ငံတွေက သူတို့သမီးတော်တွေ၊ ညီမတော်တွေကို ဆက်သရင် အရှင်က သံတမန်ဆက်ဆံရေးသဘောမျိုး လက်ခံလိုက်တာပဲ ရှိခဲ့ဖူးတယ်."
"အခုက အရှင်ကိုယ်တိုင် အဲ့ဒီရှန်နိုင်ငံသူကို ကိုယ်လုပ်တော်ရွေးမယ်ဆိုပြီး မိန့်ခဲ့တာတဲ့."
"အရှင်က အဲ့ဒီမိန်းမပျိုကို မေတ္တာသက်ဝင်သွားလေတာများလား."
"သူက သာမန်နန်းတွင်းသူအဆင့်မို့ အရှင်က မိဖုရားမမြှောက်ဘဲ ကိုယ်လုပ်တော်ပဲ ရွေးလိုက်တာ တဲ့."
"အဲ့ဒီမိန်းမပျိုသာ တော်ဝင်သွေးဆို အရှင်က မိဖုရားတင်မြှောက်လောက်တယ်."
"မနေ့ညကလည်း အရှင်က ကိုယ်လုပ်တော်ရဲ့ အဆောင်ကို သွားသတဲ့."
ရဲမတ်တွေနဲ့ နန်းတွင်းသူတွေရဲ့ ဟိုနားတစ်စု ဒီနားတစ်စု တီးတိုး ပြောစကားသံတွေကို ကြားရတဲ့အခါ ရှောင်းကျန့်ရဲ့ရင်သည် မီးစနဲ့ အထိုးခံနေရသလို ပူလောင်နာကျင်လွန်းလာသည်။
မဟုတ်ဘူး.... မဖြစ်နိုင်ပါဘူး...
အရှင်က မိဖုရားခေါင်ကြီးတင်မြှောက်ဖို့တောင် စိတ်ကူးမရှိခဲ့သူပါ။
မိဖုရားတွေဆိုတာလည်း သံခင်းတမန်ခင်းအရ ဆက်သထားလို့ လက်ခံထားတာကလွဲရင် အရှင်က ဘယ်မိဖုရားရဲ့ အဆောင်ကိုမှ သွားသည်လို့ သူ မကြား မသိခဲ့ဖူးပေ။
ရှောင်းကျန့်သည် ကြားနေရသော စကားတွေနဲ့ ဝေးရာဆီ ရှောင်ထွက်ပြေးလာသည်။ တဝုန်းဝုန်းပြတ်ကျနေတဲ့ ဝါးပင်တွေ၊ သစ်ပင်၊ သစ်ကိုင်းကျိုးတွေကို စိုက်ကြည့်ရင်း အမြင်အာရုံတွေ ဝေဝါးလာသည်။
ဝုန်း...
အားပြင်းလွန်းတဲ့ ရေအရှိန်နဲ့ တဝေါဝေါကျဆင်းနေတဲ့ ရေတံခွန်ထဲသို့ ဒိုင်ဗင်ထိုးဆင်းပစ်လိုက်သည်။
"ရေပြင်နဲ့ မြေပြင်ပေါ်မှာနေရတဲ့အခြေအနေက ပြောင်းပြန်ပဲ အားကျန့်။ မြေပေါ်မှာဆို မင်းက အသက်ကို မပြတ် ရှူသွင်း ရှူထုတ်လုပ်နေရပေမယ့် ရေထဲမှာဆိုရင်တော့ မင်း အသက်ကြာကြာအောင့်နိုင်လေ အသက်ရှင်လေပဲ."
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
Fiksi PenggemarUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401