Unicode
"အင့်"
ရိပေါ်သည် နွေးနွေးထွေးထွေးလေး အိပ်စက်နေရာမှ နိုးလာပြီး ခန္ဓာကိုယ်ကို အသာလူးလွန့်လိုက်သည်။ ခြေထောက်တွေကို ဆန့်တန်းထားပြီး မှောက်ခုံကလေးအိပ်နေရာကနေ ကိုယ်ကိုအနည်းငယ်စောင်းလို့ ခြေထောက်တွေကိုပါ ကွေးလိုက်တာကြောင့် ကျောရိုးတစ်လျှောက် စူးခနဲ အောင့်မျက်နာကျင်သွားရသည်။
နိုးလာမှ သူ အိပ်ပျော်နေတာ မြေပြင်ထက်မှာ မဟုတ်ဘဲ ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်မှာ ဆိုတာကို သတိထားလိုက်မိသွားသည်။ သူ့ကိုယ်ပေါ်မှာ ဘာအဝတ်မှကပ်မနေဘဲ ရှောင်းကျန့်ရဲ့အပေါ်ဝတ်ရုံကို လွှားခြုံပေးထားလေသည်။
ဆောင်းရာသီနေ့ရက်တွေက ဆောင်းပီသစွာ နံနက်ခင်းမှာ နှင်းရည်လေးတွေ စိုစွတ်နေလေသည်။ မြက်ခင်းထက်မှာ ခိုတွဲနေတဲ့ နှင်းရည်တို့ကြောင့် အောက်မှာ ကျောခင်းအိပ်ပြီး ရိပေါ်ကို သူ့ရင်ဘတ်ပေါ် ပွေ့တင်အိပ်စက်စေတဲ့ ရှောင်းကျန့်အတွက် စိတ်ပူသွားရသည်။
"ရှောင်း"
တိုးဖွဖွခေါ်ရင်း ကိုယ်ကို အထက်သို့ တိုးရွှေ့လို့ ရှောင်းကျန့်မေးဖျားလေးကို နှာခေါင်းလေးနဲ့ တို့ထိနမ်းရှိုက်လိုက်သည်။ အအိပ်ဆတ်တဲ့ရှောင်းကျန့်က သူနိုးပြီး လှုပ်စိစိလုပ်နေကတည်းက နိုးနေပုံရသည်။ မျက်လုံးတွေကို ဖွင့်လျက်သားနဲ့ သူ့ကို ကြည့်နေလေသည်။
ရိပေါ်က ပြုံးရင်း ရှောင်းကျန့်မျက်နှာနဲ့ သူ့မျက်နှာနှစ်ခု မျက်နှာချင်းဆိုင်တဲ့အထိ ကိုယ်ကို ထပ်တိုးရွှေ့လိုက်ပြီး နှုတ်ခမ်းတွေချင်း ထိကပ်ထားလိုက်သည်။ မျက်လုံးအကြည့်တွေကိုတော့ နှစ်ယောက်စလုံး မလွှဲဖယ်မိဘဲ တစ်ယောက်မျက်လုံးထဲကို တစ်ယောက်မျက်လုံးတွေက အရိပ်တွေထိုးဖောက်ဝင်မတတ် စူးစိုက်ကြည့်နေကြလေသည်။
ရှောင်းကျန့်က သူ့ကိုယ်ကို အိပ်ယာတစ်ခုလို သဘောထားပြီး ခန္ဓာကိုယ်ချင်းပွတ်တိုက်လို့ အတိုးအရွှေ့လုပ်နေတဲ့ အရှင့်ကိုယ်လေးကို ထပ်မလှုပ်ရှားနေစေဖို့ ခပ်တင်းတင်းပွေ့ဖက်ထားလိုက်သည်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanficUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401