Unicode
ရှောင်းကျန့်သည် မိဘတွေရဲ့ အုတ်ဂူရှေ့မှာ ဒူးထောက်အရိုအသေပြုနေသည်။ သူ့အသက် ၁၆ နှစ်ရောက်မှ သူ့ဘဝအမှန်ကို သိခဲ့ရပြီး၊ သိရပြန်တော့လည်း မိဘတွေက လူ့လောကမှာ မရှိကြတော့ပေ။
"ကိုယ်တော့်ကို သစ္စာခံခဲ့ကြလို့ မင်းမိဘတွေနဲ့ ရှောင်းအိမ်တော်က အမှုထမ်းတွေအားလုံး အသက်ဆုံးရှုံးခဲ့ရတယ်."
သူ့အနောက်ဖက်ဆီမှာ ရပ်နေတဲ့ အရှင့်ရဲ့ တည်ငြိမ်တဲ့အသံက လေအဝှေ့နှင့်အတူ နားထဲသို့ ဝင်ရောက်လာသည်။ သူ တိတ်ဆိတ်ငြိမ်သက်နေမိသည်။
သူတို့အိမ်တော်တစ်ခုလုံး အသတ်ခံလိုက်ရတဲ့အကြောင်းကို သူ ငယ်သေးလို့ ဘာမှ မသိခဲ့တာကြောင့် အခုမှ သိရပေမယ့် မည်သို့မျှ မခံစားရတာ ဖြစ်မည် ထင်ပါသည်။ သူ့မိဘတွေက အရှင့်ကို သစ္စာခံခဲ့ကြသလိုပဲ သူသည်လည်း ဘာတွေပဲ ဖြစ်လာပါစေ အရှင့်ကိုသာ သစ္စာခံပါမည်။
ရှောင်းကျန့်က အရှင်နဲ့မျက်နှာချင်းဆိုင်လှည့် ရပ်လိုက်ပြီး အရှင့်ကို လက်နှစ်ဖက်ယှက်လို့ အရိုအသေပြုလိုက်သည်။ မျက်လွှာချ ဦးညွှတ်ထားပေမယ့် အရှင်က သူ့ကို မျက်ပေမှေးလေးတွေနဲ့ စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို ခံစားမိနေသည်။
"မောင်မင်း မိဘတွေနဲ့အတူ ငယ်ငယ်က နေခဲ့တဲ့ စံအိမ်တော်ကို သွားကြည့်ကြရအောင်."
စည်ကားလှတဲ့ ရီမြို့တော်ရဲ့ လမ်းတွေအတိုင်း မြင်းကိုယ်စီနဲ့ ထွက်လာကြသည်။ ရှောင်းကျန့်သည် ပြန်လည်ပြုပြင်ထားပုံရသည့် ရှောင်းစံအိမ်တော်ကြီးကို မမှိတ်မသုံစိုက်ကြည့်နေမိသည်။ စံအိမ်ထဲကို ဝင်လာရင်း မှတ်ဉာဏ်တွေကို ပြန်ဖော်နေပေမယ့် ထိုအချိန်က ၂ နှစ်သာရှိသေးသည့် ကလေးတစ်ယောက်က ဘာတွေကိုများ မှတ်မိပါလိမ့်မည်နည်း။
ရှောင်းကျန့်က မက်မွန်ပင်အောက်မှာ မျက်လုံးတွေကို အသာမှိတ်ထားလိုက်သည်။ သူ့ အတွေးအာရုံထဲ ပေါ်လာသည်က အရှင့်ပုံရိပ်တွေသာ ဖြစ်လေသည်။ ၅ နှစ်အရွယ်သူ့ကို ပွေ့ချီထားတဲ့ အရှင်။ ဆယ်ကျော်သက်အရွယ်သူနဲ့အတူ သိုင်းလေ့ကျင့်ပေးနေသည့်အရှင်။ ပြီးတော့ လက်ရှိကာလအထိ တွေ့နေ မြင်နေရသည့် အရှင်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanfictionUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401