MX 12

5K 490 38
                                    

Unicode

"သဝန်တိုတတ်ရင် စာနာတတ်ရမယ် အရှင်။"

ရှောင်းကျန့်က ပြုံးစနဲ့နဲ့ဖြင့် ဆိုရင်း သူ့ကို စိုက်ကြည့်နေသည်။ ရိပေါ်က မျက်လွှာချလိုက်ပြီး အကြည့်ကို လွှဲလိုက်သည်။ ရှောင်းကျန့်က အရှင့်ရဲ့ လက်ဖမိုး ဖြူဖြူလေးထက်က သွေးကြောစိမ်းတွေကို ငေးကြည့်နေရင်း

"အရှင်... ကျွန်တော်မျိုးနဲ့ တစ်နေရာကို လိုက်ခဲ့ပေးပါ့လား."

သူ ဘာမှမပြောဘဲ ငြိမ်သက်စွာဖြင့် ရှောင်းကျန့်ကို လှမ်းကြည့်သည်။ ရှောင်းကျန့်က ပြုံးရင်း သူ့လက်ကို ဆုပ်ကိုင်လို့ ထ ရပ်သည်။ မတ်တပ်ရပ်လို့ သူ့ကို ငုံ့ကြည့်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်က ထိုင်နေရင်းကပဲ မော့ကြည့်နေမိသည်။

"အရှင်..."

ခေါ်သံထပ်ပြုလာခါမှ ရိပေါ်က အသိဝင်လာသူလို စကားဆိုမိသည်။

"ဘယ်နေရာကိုလဲ."

"ဟိုအရင်က ရှန်နိုင်ငံအရေးဖြေရှင်းနိုင်ခဲ့တော့ အရှင်နဲ့အတူ ယန်ဟွားတောအုပ်ထဲ သွားချင်တယ်လို့ တောင်းဆိုခဲ့ဖူးတယ်လေ."

အရှင်က သူ မှတ်မိသည် ဆိုတဲ့သဘော ခေါင်းကို အသာ ငြိမ့်ပြသည်။

"မရောက်ဖူးတာလည်းမဟုတ်ဘဲနဲ့."

"ကျွန်တော်မျိုးကတော့ ရောက်ဖူးတယ်လေ။ ဒါပေမယ့် အရှင် မရောက်ဖူးသေးဘူး."

ရှောင်းကျန့်က ပြောရင်း အရှင့်ရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လို့ ဆွဲ ထူ မ လိုက်သည်။ အလိုက်သင့် မတ်တပ်ရပ်လျက်ကလေး ပါလာသည့် အရှင်သည် သူနဲ့ နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်အနေအထား ဖြစ်သွားသည်။

ရိပေါ်သည် ခေါင်းကို အသာမော့လို့ သူ့ကို ပြုံးလျက်ငုံ့ကြည့်နေသည့် ရှောင်းကျန့်ကို ခဏမျှငေးကြည့်ပြီးနောက် မျက်ဝန်းအကြည့်တွေကို ရှောင်ဖယ်လိုက်သည်။

ထို့နောက် သူ့လက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားသည့် ရှောင်းကျန့်ရဲ့လက်တွေကို အသာဆွဲဖယ်လိုက်ပြီး

"သွား ကြ တာ ပေါ့" ဟု ဆိုကာ ရှောင်းကျန့်ကို ကွေ့ရှောင်လို့ ထွက်သွားဖို့ ပြင်သည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now