Unicode
ယား...
ယိ...
ဟေး...
ဝေး...
ဖြောင်း...
"လက်ကို ဖြောင့်အောင်ထား။ ခန္ဓာကိုယ်ကို မတ်ထား။"
ယား...
"ခြေထောက်တွေက ဘာလို့ တုန်နေတာလဲ."
ဝမ်သည် တစ်ယောက်ချင်းစီကို လိုက်ကြည့်ပြီး တိုက်ခိုက်ပုံ ကိုယ်နေဟန်ထားတွေကို လိုက်ပြင်ပေးနေသည်။
မနေ့ကပဲ ဦးလေးယွင်နဲ့အတူ နန်းတွင်းထဲသို့ဝင်လာပြီး စန်းရှီချွေ့နဲ့တွေ့ဆုံခဲ့သည်။ ရှီချွေ့ကသူ့ကို နန်းတွင်းတပ်မှာ တာဝန်ထမ်းစေလိုပြီး ရဲမတ်အငယ်တွေကိုလည်း သိုင်းပညာသင်ပေးဖို့ တာဝန်ပေးလာသည်။
စန်းလိုကျွန်းနိုင်ငံသေးသေးလေးမှာ နန်းတွင်းကရဲမတ်တွေနဲ့လည်း သူက ရင်းနှီးနေပြီးသားဖြစ်သလို ရဲမတ်တွေကလည်း သူ့ရဲ့သိုင်းပညာအရည်အချင်းကို သိနေတာကြောင့် လေးစားအထင်ကြီးကြလေသည်။
ဒီလိုနေရာမှာ နန်းတွင်းစစ်တပ်ရှိနေပေမယ့် ဘယ်သူနဲ့မှ တိုက်ခိုက်နေရတာမှမဟုတ်တာလေ။ နန်းတွင်းရဲ့ဖွဲ့စည်းပုံအင်္ဂါရပ်နဲ့ညီအောင် စစ်တပ်ဖွဲ့ထားတဲ့သဘောသာသာရယ်။
ဒါကြောင့်လည်း ရဲမတ်တွေက မြို့လည်ခေါင်ဈေးထဲမှာလုပ်တဲ့ လက်ဝှေ့ပွဲတွေမှာ ဝင်ကစားတတ်ကြသည်။ တစ်ချို့လည်း ဝင်လောင်းကြတာမျိုးပေါ့။
ဝမ် ဆိုတာ ဒီလိုသတ်ပွဲတွေမှာ အမြဲအနိုင်ရနေသူဆိုတော့ သူနဲ့တုယှဉ်ပြိုင်နိုင်သူက မရှိဘူး။ ရှင်ဘုရင်ကိုယ်တိုင်က သူ့ကို နန်းတော်ထဲမှာ အမှုထမ်းစေပြီး အမြင့်ဆုံးဖြစ်တဲ့ စစ်သူကြီးရာထူးပေးတော့လည်း အားလုံးက ကြည်ကြည်ဖြူဖြူပါပဲ။
အခုလိုမျိုး သူနဲ့အတူ တာဝန်ထမ်းဆောင်ရတာကိုပဲ စစ်သည်ရဲမတ်တွေကလည်း သဘောကျနေကြသည်။ သူ့ဆီက သိုင်းပညာတွေကိုလည်း သင်ယူလိုစိတ်ရှိကြလေသည်။
"အစ်ကိုဝမ်"
လေ့ကျင့်ရေးကွင်းအပြင်ကနေ လက်ပြပြီး လှမ်းနှုတ်ဆက်နေသည့် ရှီချွေ့ကို သူ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့လူတွေကို သေချာသင်ပြ ပြင်ဆင်ပေးပြီးမှ ရှီချွေ့ဆီသို့ လျှောက်လာလိုက်သည်။
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
Fiksi PenggemarUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401