MX 19

5.6K 461 27
                                    

Unicode

ဆောင်းနံနက်ခင်းက ရေခဲတမျှအေးစက်နေသည်။ ရိပေါ်သည် တဖွဲဖွဲကျနေတဲ့နှင်းတွေကို နန်းဆောင်အပေါ်ထပ်ကနေ ငေးကြည့်ရင်း လက်ရန်းဘောင်တွေမှာ ခဲကပ်နေတဲ့ နှင်းတွေကို အလုံးလိုက်ဆုပ်နေမိသည်။

နှင်းလုံးလေးတွေကို ဘောင်ပေါ်မှာ အတန်းလိုက်တင်ထားရင်း စုတ်တံအနက်ရောင်နဲ့ အပြုံးမျက်နှာလေးတွေ ရေးခြယ်လိုက်သည်။ လက်တွေက ထုံကျဉ်နေတာကြောင့် ရွဲ့စောင်းသွားတဲ့ ဆေးအရာတွေကို ခဏခဏ ပြန်ပြင်နေရသည်။

လေတိုက်လို့ လွင့်နေတဲ့ ပိုးသားအထူခန်းဆီးလိုက်ကာကို ဖဲကြိုးနဲ့ခြည်လိုက်ရင်း အိပ်ဆောင်ဖက်သို့ အကြည့်တို့ရောက်သွားသည်။ အခုထိ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရှောင်းကျန့်ကို မြင်တော့ သဘောကျစွာ ပြုံးလိုက်မိသည်။

အပြုံးမျက်နှာနှင်းလုံးလေးတွေကို တန်းစီနေရာချထားနေတုန်း နှင်းတွေထူပိန်းပိတ်အောင်ကျလာ ပြန်တော့ အခန်းထဲအမြန်ပြေးဝင်ရသည်။

အိပ်ပျော်နေတဲ့ ရှောင်းကျန့်နံဘေးမှာ အသံမကြားအောင် ဝင်ထိုင်လိုက်ပြီး အေးစက်နေတဲ့ လက်နဲ့ ရှောင်းကျန့်ရဲ့နဖူးကို အသာထိလိုက်သည်။ ရှောင်းကျန့်က နဖူးကြောတွေရှုံ့သွားပြီး မျက်လုံးတွေပွင့်လာသည်။

ငုံ့မိုးကြည့်နေတဲ့ သူ့ကိုမြင်တော့ ပြုံးသွားပြီး

"အရှင်"

"ထ တော့။ အပြင်မှာနှင်းတွေကျနေတယ်။ ဟိုး မှာ ကြည့်..."

ရှောင်းကျန့်က အိပ်ယာထက်မှ ထ ထိုင်လိုက်ပြီး အရှင် ညွှန်ပြနေတဲ့နေရာသို့ လှမ်းကြည့်လိုက်သည်။ အပြင်ကလက်ရန်းဘောင်ပေါ်မှာ တင်ထားတဲ့ ပြုံးရယ်နေသော နှင်းလုံးလေးတွေကိုမြင်တော့ သွားများပေါ်အောင်ပြုံးသွားသည်။

ထို့နောက် အရှင့်ကို ပြန်ကြည့်ပြီး မျက်မှောင်တွေတွန့်ချိုးလျက် အရှင့်ရဲ့ လက်နှစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်သည်။ အေးစက်နေသော အထိအတွေ့ကြောင့် စိတ်ပူသွားပြီး လက်နှစ်ဖက်ကို သူ့လက်တွေကြား ပွတ်သပ်လို့ အာငွေ့ပေးနေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now