MX 9

4.1K 491 94
                                    

Unicode

အရှင်သည် သူ့ရင်ကို အကြိမ်ကြိမ်နာကျင်စေခဲ့သည်။ အရှင်က သူ့အပေါ် ဂရုစိုက်ကြင်နာပါသည်လို့ သူ့ကိုယ်သူ အထင်ရောက်ချိန်မှာ တစ်ချက်တည်းနဲ့ ဖြတ်ရိုက်ချတတ်ပြန်သည်။ သူ့ရင်ကို အရှင်လတ်လတ်ခွဲလို့ ဆားနဲ့ပက်သလို စပ်ဖျဉ်းဖျဉ်း ခံရခက်လှပါသည်လေ။

---

---

---

ဒီနေ့သည် ရီနိုင်ငံဘုရင်မင်းမြတ် ဝမ်ရိပေါ်က မင်နိုင်ငံပြည့်ရှင်ရဲ့သမီးတော် မင်းသမီးဖန်စူးလိကို တောင်နန်းစံ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်သည့်အခမ်းအနားနေ့ ဖြစ်လေသည်။ 

အရှင်မင်းမြတ်ကို မိဖုရားရွေးချယ်ဖို့ နားပူနားဆာလုပ်တတ်ကြသည့် မှူးကြီးမတ်ရာတွေလည်း အခုတော့ နှုတ်ဆိတ်သွားကြလေပြီ။ 

ရီနိုင်ငံသူနိုင်ငံသားတွေသည်လည်း သူတို့၏ တိုင်းပြည်မိခင်ဖြစ်လာမည့် တောင်ညာစံမိဖုရားခေါင်ကို လှိုက်လှဲဝမ်းသာစွာ ကြိုဆိုနေကြသည်။ 

ရှောင်းကျန့်သည် ဝေါယာဉ်နဲ့ ပြည်သူတွေကို နှုတ်ဆက်နေတဲ့ အရှင်နဲ့မိဖုရားကို အဝေးတစ်နေရာကနေ ခဏမျှကြည့်ရင်း မြင်းကို ဖနောင့်နဲ့ တစ်ချက် ဆ လို့ လှည့်ထွက်လာခဲ့လိုက်သည်။

ရိပေါ်သည် မျက်ဝန်းထောင့်ကနေ မြင်လိုက်တဲ့ မြင်းနဲ့လူတစ်ယောက်ကို လှမ်းကြည့်ရင်း နံဘေးမှာ ရပ်နေတဲ့ မိဖုရားစူးလိကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ 

စူးလိရဲ့နှုတ်ခမ်းတွေက ပြုံးလျက် ပြည်သူတွေကို လက်ဝှေ့ရမ်းနှုတ်ဆက်နေပေမယ့် မျက်ဝန်းတွေကတော့ ကိုယ်ရံတော်တပ်ဖွဲ့တွေဆီ မသိမသာကြည့်လို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့သည်။

အရှင့်ဝေါယာဉ်ရဲ့ဘေးနားမှ ကပ်လျက်လိုက်ပါနေတဲ့ ချန်ဟွေ့ဦးဆောင်တဲ့ ကိုယ်ရံတော်အဖွဲ့နဲ့ ရှင်းဖန်ဝေ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ချို့ကိုသာ တွေ့ရသည်။ သူမ တွေ့လိုသူကို မတွေ့ရတဲ့အခါ  နွမ်းရိပ်ဆင်နေသည့် စူးလိရဲ့မျက်ဝန်းတွေကို အရှင်က သေချာစူးစိုက်ကြည့်နေတာကြောင့် စူးလိက မျက်လွှာချထားလိုက်လေသည်။ 

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now