MX 4

4.8K 556 29
                                    

Unicode

အရှင်က ယန်ဟွားတောင်ကို လာတိုင်း လျှို့ဝှက်လမ်းကနေ လာတာကို ရှောင်းကျန့် သိထားသည်။ ဆရာထွက်သွားတဲ့အချိန်မှာ သူ နောက်ကနေ မသိအောင် လိုက်သွားလေသည်။ ဆရာက မြင်းနဲ့ အထွက်မှာ ပွင့်သွားတဲ့ လျှို့ဝှက်တံခါးကနေ သူ လိုက်ဝင်လာခြင်းပင်။

သူအထဲ‌ရောက်တော့ တံခါးက ပျောက်သွားပြီး တောအုပ်တစ်ခု ဖြစ်သွားသည်။ ဆရာကလည်း မြင်းနဲ့ ဒုန်းဆိုင်းထွက်သွားပြီမို့ သူလည်း ဆရာ့ကို မီအောင် မလိုက်နိုင်တော့ပေ။

မြင်းခွါရာတွေအတိုင်း သူ လိုက်လျှောက်လာသည်။ အုပ်ဆိုင်းနေတဲ့ သစ်တောတွေကြားရောက်တော့ မြင်းခွါရာတွေကို မတွေ့ရတော့ပေ။

တောလမ်းအတိုင်း သစ်ပင်ကြီးတွေကြားကနေ လျှောက်လာသည်။ တစ်ချို့နေရာတွေကျ တောင်ဆင်းလမ်းလိုမျိုးတွေမို့ လျှောဆင်းရသည်။ တစ်ခါတစ်လေ တောင်တက်လမ်းတွေကို ကုပ်တွယ်တက်ရသည်။

ရှောင်းကျန့်လေးသည် အရှင်က ဘယ်မှာနေသလဲဆိုတာ သူ မသိပါ။ သူ့စိတ်ထဲမှာတော့ ထိုတောအုပ်ကနေ ထွက်သွားပြီးလျှင် အရှင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားမည်ဟု ယုံကြည်နေလေသည်။

၇ နှစ်အရွယ် ကလေးတစ်ယောက်ဆိုတော့လည်း လမ်းမှာတွေ့သမျှ စမ်းချောင်းလေးတွေ၊ အပင်တွေ၊ ပန်းပွင့်တွေ၊ ယုန်လေး၊ ရှည့်လေးတွေဖြင့် ဆော့လိုက်သေးသည်။ တောပန်းလေးတွေကိုခူးပြီး ရိုးတံအချင်းချင်းကျစ်လိုက်သည်။

အဝိုင်းပုံစံလေးဖြစ်အောင် ကျစ်ရင်း အင်္ကျီရင်ဘတ်လေးထဲ ထည့်သိမ်းလိုက်သည်။ အရှင်နဲ့တွေ့လျှင် ပေးမည်။ အရှင့်ခေါင်းပေါ်က ဆံထုံးလေးထက်မှာ ခွေတင်လိုက်လျှင် သိပ်ကို လှသွားပေလိမ့်မည်။

ရှောင်းကျန့်လေးကတွေးရင်း အရှင်နဲ့ အမြန်တွေ့ခွင့်ရဖို့ ပြေးလျှောက်လာသည်။ တောအုပ်က တစ်ဖြည်းဖြည်းနက်လာသည်။ ထွက်ပေါက်က ခုထိ မတွေ့ရသေးပေ။

--------------

ရိပေါ်နဲ့ ချန်ဟွေ့တို့ စီးလာတဲ့ မြင်းတွေနဲ့ အစ်ကိုရှောင်းမင်တို့ ယန်ဟွားဂိုဏ်းသားတွေ လမ်းတစ်ဝက်မှာ လာဆုံကြလေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now