MX 18

6.7K 480 28
                                    

Unicode

"ရှောင်းကျန့် ... ရှေ့ဆက်တိုးလာရင် ငါ မင်းကို မညှာဘူးနော်"

ရှောင်းကျန့်က ရိပေါ် ပြောတဲ့စကားကို ကျီစယ်နေသည် ထင်လေသလားမသိ။ ပြုံးတုံ့တုံ့ဖြင့် ရှေ့တိုးမြဲတိုးလာနေသည်။

"ရှောင်း ကျန့်"

ရုတ်တရက် ရိပေါ်ခန္ဓာကိုယ်က လေပေါ်သို့ မြောက်တက်သွားသည်။ ရှောင်းကျန့်က သူ့ကို ဒူးအောက်ကနေ ပွေ့ချီမလိုက်ခြင်းဖြစ်သည်။

ရိပေါ်က အလန့်တကြားဖြင့် ရှောင်းကျန့်ရဲ့ လည်ပင်းကို လက်နှစ်ဖက်လုံးဖြင့် ဖက်တွယ်ထားလိုက်သည်။ နှစ်ယောက်သားမျက်နှာတွေက နီးကပ်သွားတဲ့အခါ ရှောင်းကျန့်ရဲ့ နှာခေါင်းချွန်ချွန်က သူ့နှာခေါင်းထိပ်လုံးလေးကို ထိခတ်မိနေသည်။

ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားသည်။ နှာခေါင်းလုံးလုံးလေးက အသည်းယားဖို့ကောင်းလွန်းသည်။ ပြီးတော့ နှာခေါင်းထိပ်နေရာလေးကပဲ ကွက်ပြီး အေးအေးလေးဖြစ်နေသည်။

ရှောင်းကျန့်က နှာခေါင်းထိပ်ကလေးကို အသာဖွဖွလေးကိုက်လိုက်သည်။

"အ့..."

ရိပေါ်က မျက်မှောင်လေးတွေကို တွန့်ချိုးကုပ်ထားရာ နှုတ်ခမ်းလေးနှစ်လွှာကလည်း တင်းတင်းစုစုလေးဖြစ်နေသည်။

"ဘာလို့ချီထားတာလဲ။ ချ ပေးလေ"

"ချ မလို့။ ဘယ်မှာ ချ ရမလဲ စဉ်းစားနေတာ"

မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှာ ပူထူသွားရသည်။ ဘယ်ဖက်လက်ညှိုးလက်ခလယ်နှစ်ချောင်းကို ပူးပြီး ရှောင်းကျန့်ရဲ့လည်ပင်းလည်ဇလုပ်နားကို ချိန်ထိုးလိုက်သည်။

"ရှောင်းကျန့်... ငါကိုယ်တော်ကို ရိုင်းပြတဲ့စကားတွေ ထပ်ပြောနေမယ်ဆိုရင် မောင်မင်းရဲ့လည်ပင်းသွေးကြောတွေကို ပိတ်ဆို့ပစ်လိုက်မှာ"

ရှောင်းကျန့်ကရယ်သွမ်းသွေးသည်။

"ကိုယ့်ယောက်ကျားကိုယ် ရက်စက်မလို့လား"

ရိပေါ်မျက်နှာလေးက ရဲသွားပြီး နားရွက်ဖျားလေးတွေပါ စွေးစွေးနီသွားသည်။ ရှောင်းကျန့်က ရိပေါ်ကို ခုတင်ပေါ် အသာတင်ပေးလိုက်ပြီး သူကလည်း ဖယ်မသွားသေးဘဲ အုပ်မိုးလျက် စိုက်ကြည့်နေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now