MX 23

4.5K 381 18
                                    

Unicode

"ရှောင်း ... ဒီကိုလာကြည့်"

ချောက်ကမ်းပါးထိပ်မှာရပ်နေတဲ့ အရှင်က နောက်ကိုလှည့်ပြီး သူ့ကို လှမ်းခေါ်သည်။ ရှောင်းကျန့်က မသွားသေးဘဲ မြင်းပေါ်ကနေ အရှင့်ကို ငေးကြည့်နေသည်။

"ရှောင်း..."

အရှင်က ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး ညာဖက်လက်ကို ဆန့်တန်းလို့ သူ့ကို ပြုံးကြည့်နေသည်။ ရှောင်းကျန့်က နှုတ်ခမ်းတစ်ချက်တွန့်သွားပြီး မြင်းပေါ်ကနေ လွှားခနဲ ခုန်ဆင်းလိုက်သည်။

ကမ်းလင့်နေတဲ့ အရှင့်ရဲ့လက်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး ဘေးချင်းယှဉ်ရပ်လိုက်သည်။ ကမ်းပါးအောက်ကို ငုံ့ကြည့်လိုက်ပေမယ့် တိမ်စိုင်တိမ်လိပ်တွေနဲ့ ဖုံးကွယ်နေတာကြောင့် ဟိုကဒီက တိုးထွက်နေတဲ့ ကျောက်တောင်စွယ်ချွန်းချွန်းတွေကိုသာ တစ်ပိုင်းတစ်စမြင်ရသည်။

ဝန်းကျင်တစ်ခုလုံး၏ ပတ်ပတ်လည်မှာ စိမ်းညိုနေသော တောင်တန်းကြီးတွေဖြင့်ကာရံထားသည်။ မြေသားထက် ကျောက်သားအတိဖြင့်ပြီးသော တောင်တန်းတွေက ပိုများလေသည်။

မိုးထိအောင် မြင့်မားလှသည့်ကျောက်ဆောင်တောင်တန်းကြီးတွေက ကောင်းကင်ဆီသို့ ထိုးတက်နေသလိုပင်။

သူတို့ရောက်နေသည့်ကျောက်တောင်က အနိမ့်ဆုံးတောင်ဖြစ်သည်။ ထိုအနိမ့်ဆုံးတောင်ကပင်လျှင် အောက်ကိုလှမ်းကြည့်တော့ တိမ်တွေကို အဆုပ်လိုက် အဖွေးလိုက်တွေ့နေရသည်။

"တိမ်တွေရဲ့အထက်မှာရှိနေရတာ သဘောကျစရာပဲ"

အရှင်ရှိရာသို့ ငဲ့စောင်းကြည့်လိုက်တော့ ကျေနပ်နှစ်ခြိုက်နေသည့် အရှင့်ရဲ့အပြုံးလွှလွှကို မြင်ရသည်။ သူလည်း ပြုံးလိုက်မိပြီး အရှင့်အနားသို့ ပိုတိုးကပ်လိုက်သည်။

အနောက်မှာသွားရပ်လိုက်ပြီး အရှင့်ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်သည်။ အရှင့်ရဲ့ကျောပြင်ငယ်လေးက သူ့ရင်ဘတ်နဲ့ အနီးဆုံးထိကပ်နေသည်။

"ကျုပ်ရင်ခွင်ထဲမှာ ရှိနေရင်ကောသဘောမကျဘူးလားဟင်"

သူ့စကားကြောင့် အရှင်က ပြုံးလျက် မော့ကြည့်လာပြီး သူ့မျက်နှာကို လက်ချောင်းသွယ်တွေဖြင့် ထိပွတ်နေသည်။ ခါးထက်က သူ့လက်တွေကို အရှင်က ပိုလို့တင်းသွားအောင် ဆွဲဖက်ထားစေလိုက်ခြင်းဖြင့် သူ့မေးခွန်းရဲ့အဖြေကို ဖြေပေးလေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now