MX 2

5.8K 637 26
                                    

Unicode

အိမ်ရှေ့စံ ဝမ်ရိပေါ်သည် အသက် ၁၆ နှစ်အရွယ်မှာပဲ ရီနိုင်ငံရဲ့ စိုးစံသူဘုရင်အဖြစ် နန်းတက်ခဲ့သည်။

ချင်အမတ်ရဲ့ သစ္စာဖောက်ပုန်ကန်မှုကြောင့် နန်းတော်ထဲမှာ သွေးချောင်းစီးခဲ့ပြီး မိဘနှစ်ပါးကိုရော အစ်ကိုတော်၊ အစ်မတော်၊ ညီတော်၊ ညီမတော်တွေ မြောက်မြားစွာကို ဆုံးရှုံးခဲ့ရသည်။

ရီနိုင်ငံရဲ့ မင်းအဆက်ဆက် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မှူးကြီးမတ်ရာ ပညာရှင်တွေအများအပြားကိုလည်း ဆုံးရှုံးခဲ့ရလေသည်။

သွေးချောင်းစီးပြီးမှ နန်းတက်ခဲ့ရသည့်သူ့ကို တစ်ချို့ပုရောဟိတ်တွေနဲ့ နတ်ဆရာတွေက ကံကြမ္မာမကောင်းနိုင်တဲ့ဘုရင်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။ တစ်ချို့အမတ်တွေက အိမ်ရှေ့စံသည် ဖခင်ဘုရင်မင်းမြတ်နှင့် အစ်ကိုတော် ညီတော်တွေကို လုပ်ကြံမှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု ကွယ်ရာမှာ တီးတိုးစကားအတင်းဆိုကြလေသည်။

ထိုကဲ့သို့သော အခြေအမြစ်မရှိတဲ့အတင်းအဖျင်းတွေကို တစ်စုံတစ်ယောက်က တမင်ဖြန့်နေမှန်းသိပေမယ့် ရိပေါ်သည် ထိုစကားတွေကို မည်သို့မျှ ဖြေရှင်းခြင်းမပြုခဲ့ပေ။

သူ့ဖက်မှာ ပြည်သူတွေရှိနေတဲ့အတွက် သူက ဘာကိုမှမမှုခဲ့ပေ။ ရီနိုင်ငံဧရိယာကို ပိုလို့ ကျယ်ပြန့်အောင် ချဲ့ထွင်ရင်း ရီအင်ပါယာအဖြစ်ထူထောင်လေသည်။ သူ့လက်ထက်မှာ ရီအင်ပါယာသည် ပိုမို၍ ကြီးမားကျယ်ပြန့်လို့လာခဲ့သည်။

လက်အောက်ခံနိုင်ငံများမှ နှစ်စဉ်ဆက်သသည့် အခွန်ဘဏ္ဍာလက်ဆောင်တွေရရှိခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာမှာလည်း ပိုလျှံလို့နေလေသည်။ ရီနိုင်ငံ၏ စိုက်ပျိုးမြေများမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်သည့်အပြင် ကုန်သွယ်မှုလုပ်ငန်းတွေလည်း အလွန်အောင်မြင်ခဲ့သည်။

အမြော်အမြင်ရှိသော အရှင်မင်းမြတ်ဝမ်ရိပေါ်သည် သူ့နိုင်ငံ၏ နယ်ပယ်အသီးသီးအတွက် လက်ရွေးစင်လူငယ်လူရွယ်များကို ရွေးချယ်ပြီး တိုင်းတစ်ပါးနိုင်ငံများသို့ တိတ်တဆိတ် ပညာတော်သင်တွေစေလွှတ်ခဲ့သည်။ ပညာတွေစုံလင်လို့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုရန် ပြန်လည်‌ရောက်ရှိလာကြသူများကိုလည်း ကောင်းစွာနေရာပေး၍ အကျိုးပြုစေလေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now