Unicode
"ကျုပ်က ဘာ လို့ တာဝန်ယူရမှာလဲ"
"ငါ က မင်း ယောက် ကျား မို့ ပဲ"
သူ သည် သူ့ ရှေ့ က ချေမိုးနေသလို မျက်နှာတည်တည်ဖြင့် မင်းယောက်ကျားပဲ လို့ တစ် လုံး ချင်း ပီ ပီ သ သပြောနေသည့် ဖြူလွှလွှလေးကို တအံ့တဩကြည့်နေမိသည်။
"ဘယ်လို... ဘာ ပြော လိုက် တယ်"
"ငါ က မင်း ယောက်ကျား။ မင်းကလည်းငါ့ယောက်ကျား။ မင်းကိုငါပိုင်တယ်"
မဟုတ်သေးပါဘူး။ သူ နားကြားများ မှားလေသလား။ ခေါင်းတွေကို ခါရမ်းလိုက်ရင်း
"ဘာကိစ္စ ကျုပ်က ခင်ဗျားယောက်ကျား ဖြစ်သွားရတာလဲ"
ရိပေါ်သည် စိတ်ထဲကနေ သက်ပြင်းကို အသာကြိတ်ချနေရသည်။ ရှောင်းကျန့်က မယုံနိုင်ဘူးဆိုပြီး အကြီးအကျယ်ထကန့်ကွက်ရင်လို့ တွေးထားပေမယ့် သူတွေးထားသလောက် ရှောင်းကျန့်က ရင့်ရင့်သီးသီး မတုန့်ပြန်ခဲ့ပါ။
ရိပေါ်က အင်္ကျီရင်ဘတ်ထဲက ပိုးပုဝါလေးကို ထုတ်ယူလိုက်ပြီး ရှောင်းကျန့်ကို ကမ်းပေးလိုက်သည်။
"ဒီပုဝါကိုသိလား"
ပုဝါကိုကိုင်ကြည့်ရင်း သူ အံ့ဩရပြန်သည်။ သူ့မှာလည်း ဒီလိုပုဝါနဲ့တစ်ထပ်တည်းတူတဲ့ပုဝါလေးရှိသည်လေ။ ဒီပုဝါမှာ ရေးထိုးထားတဲ့ ဝမ် ဆိုတဲ့စကားလုံး... ဒါက သူ့နာမည်မဟုတ်လား။
သူ့အင်္ကျီရင်ဘတ်ထဲမှာ သိမ်းထားတဲ့ ပုဝါလေးကို ထုတ်ပြီး နှစ်ထည်ကို ယှဉ်ကြည့်နေမိသည်။
"ဒါ..."
ရိပေါ်က ရှောင်းကျန့်လက်ထဲက ပုဝါနှစ်ထည်လုံးကို လှမ်းယူလိုက်ပြီး
"ဒါလည်း ငါ့ပုဝါပဲ။ မင်းကို ငါပြောခဲ့တယ်မဟုတ်လား. မင်းနာမည်က ရှောင်းကျန့်လို့။ ဝမ်ဆိုတာ ငါ့နာမည်ပဲ။ ငါ့နာမည်က ဝမ်ရိပေါ်။ ဒီပုဝါလေးက မင်းဒဏ်ရာရတုန်းက ငါကိုယ်တိုင်စီးပေးခဲ့တာ"
သူ့မျက်လုံးထဲ ဝိုးတဝါးပုံရိပ်အချို့ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသည်။ အတန်ကြာအောင် ကြက်သေသေနေပြီးမှ
YOU ARE READING
My Xiao (ငါ့ရဲ့ရှောင်း)
FanficUnicode "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Zawgyi "ကိုယ် တော် စောင့် နေ မယ် ရှောင်း" "မစောင့်ရပါဘူး အရှင်ရယ်။ ကျုပ်တို့ အတူသွားကြမယ်" Start date: 20220619 End date. : 20230401