MX 10

4.8K 514 64
                                    

Unicode

"ကိုယ် တော့် ကို သစ္စာဖောက်တာ မောင်မင်း တဲ့ လား..."

ရှောင်းကျန့်က အရှင့်ကို ခပ်ကြာကြာ စူးစိုက်ကြည့်ရင်း မြင်းပေါ် လွှားခနဲ ခုန်တက်လို့ အပြင်းနှင်သွားသည်။ ရဲမတ်စစ်သည် တစ်ချို့က ရှောင်းကျန့်နောက်မှ လိုက်ပါသွားကြလေသည်။

ရိပေါ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လို့ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။ လက်ထောက်စစ်သူကြီး ရှောက်ရီက အရှင့်ကို လက်နှစ်ဖက်ယှက် အရိုအသေပြုရင်း အနားတိုးကပ်လာသည်။

"ခွင့် ပြု ပါ အရှင်။ ရိုင်း ပြ မိ ပါ တယ်."

ရှောက်ရီကပြောရင်း အရှင့်ကို သူ့မြင်းနဲ့ တွဲချည်ထားတဲ့ မြင်းပေါ် တက်ရန်အတွက် အကူအညီပေးရန် ပြင်သည်။

"နေ ဦး..."

တင်းမာခက်ထန်သော အသံပြတ်ဖြင့် တားမြစ်သံကြောင့် ရှောက်ရီက လှည့်ကြည့်လိုက်သည်။ လူကြီးမင်း၏ ကိုယ်ရံတော် ချင်ဝေနှင့်အဖွဲ့ ဖြစ်နေလေသည်။

"စစ်ရှုံးဘုရင်ကို ဘာတွေများ သက်သောင့်သက်သာနဲ့ ဆက်ဆံနေရမှာလဲ။ သုံ့ပန်းက သုံ့ပန်းလို လိုက်ရမှာပေါ့."

ရှောက်ရီနှင့် ရဲမတ်တွေက တအံ့တဩဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"စစ်သူကြီးက အရှင့်ကို မထိခိုက်စေဘဲ ခေါ်လာဖို့ အမိန့်ပြုခဲ့ပါတယ်."

"အဲ့ တော့...."

"...."

ကိုယ်ရံတော်ချင်ဝေက ခပ်လှောင်လှောင်ပြုံးရင်း

"ဒီ မှာ ဝမ် ရိ ပေါ်.... ခင် ဗျား မှတ် မိ နိုင် မ လား တော့ မ ပြော တတ် ဘူး ပေါ့။ ကျုပ် က ခင်ဗျား သတ်ခဲ့တဲ့ ချင်အမတ်ရဲ့သား ပဲ."

ရိပေါ်က လက်နှစ်ဖက် နောက်ပစ်ထားရင်း မျက်မှောင်ကုပ်လိုက်သည်။

"မောင်မင်းအဖေ ချင်အမတ်ကို ငါကိုယ်တော်သတ်တာ မဟုတ်ဘူး။ ကိုယ်တော် ရောက်ကတည်းက သူက ဒဏ်ရာနဲ့ လွန်နှင့်ပြီ."

ချင်ဝေရဲ့ မျက်နှာက တစ်မျိုး ဖြစ်သွားပေမယ့် အကျယ်ကြီး လှောင်ရယ်လိုက်လေသည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now