Part 15

10.4K 1K 37
                                        

ZawGyi

"အခုပြောတော့ ဘာဖြစ်နေတာလဲဆိုတာ"

"ဘာမှမဖြစ်ဘူးလို့ ပြောပြီးပြီလေ ဆက်မဝယ်တော့ဘူးဆိုရင်လည်း အိမ်ပြန်မယ်"

"ရှောင်းကျန့်!!! စကားပြောနေရင်းထွက်မသွားနဲ့!!"

"မင်း ငါ့ကိုမအော်နဲ့!!"

မျက်နှာချင်းဆိုင်ရပ်​နေရာမှ သူ့အရှေ့ကလူက လှည့်ထွက်သွားရန်ပြင်​နေသဖြင့် လက်ကိုလှမ်းဆွဲလိုက်ကာ ပြောလိုက်သည့်အခါ မရှည်နိုင်​တော့သည့်သူ၏စိတ်​ကြောင့် မရည်ရွယ်ပါဘဲ အော်ပြောမိသလိုဖြစ်သွားသဖြင့် ရှောင်းကျန့်မှာလည်း ဒေါသထွက်သွားဟန် သူ့ကိုပြန်၍အော်လာခဲ့လေသည်။

မျက်ဝန်းနက်နက်ထဲတွင် အရည်ကြည်အချို့ဝဲတက်လာသည့်အထိ ဝမ်းနည်းဒေါသထွက်နေပုံရသည့် ရှောင်းကျန့်၏ပုံစံကြောင့် သူကပဲအရင်စိတ်ကိုလျှော့ချလိုက်ရပြန်သည်။

"OK မအော်တော့ဘူး..ဘာဖြစ်နေတာလဲဆိုတာလေးတော့ပြောသင့်တယ်​လေ ​ရှောင်းကျန့်ရဲ့"

"ဒီမှာ ငါမင်းထက်အသက်ကြီးတယ် ဝမ်ရိပေါ် အဲဒါကြောင့် ငါ့ကိုနာမည်ကိုင်မခေါ်နဲ့"

လျှော့ပေးထားပါတယ်ဆိုမှ ပိုပိုကန်းတက်လာတဲ့ သူ့အရှေ့ကလူကို စိတ်ရှိတိုင်းသာဆိုရင် လက်မောင်းနှစ်ဖက်ကကိုင်ပြီးဆောင့်ချပြစ်လိုက်ချင်နေပြီ ဝမ်ရိပေါ်ဆိုတာအစကတည်းက စိတ်ရှည်တတ်တဲ့သူမဟုတ်ဘူး။

ဒါပေမယ့် သူ့ကိုကြည့်နေခဲ့တဲ့မျက်ဝန်း​တွေ...

ဟုတ်တယ်...အကြောင်းပြချက် ရေရေရာရာမပေးနိုင်ပေမယ့် သူ့ကိုနာကျင်နေတဲ့ပုံကိုမှ မျှော်လင့်ချက်​တွေပါဝင်​နေသလို ကြည့်နေ​တဲ့၊ နောက်ပြီး ရင်းနှီးကျွမ်းဝင်​နေသလိုခံစားရတဲ့ အဲဒီအကြည့်တွေရဲ့​အောက်မှာ ဝမ်ရိပေါ်က သူ့ဒေါသတွေကို ကမ္ဘာမြေရဲ့မြေကြီးနက်နက်ထဲအထိ ရောက်သွားလောက်အောင် သူကိုယ်တိုင်ထိုးသွင်းဖိသိပ်ချလိုက်မိတယ်။

"ဟင်းးး...ကောင်းပြီ ကျန့်ကော စိတ်မတိုနဲ့တော့ ဟုတ်ပြီလား"

အဖြေပြန်မပေးလာတဲ့ စိတ်တိုနေတဲ့ယုန်လေးကို သူကပဲဆက်မေးလိုက်တော့တယ်။

Chance Given From Heaven Donde viven las historias. Descúbrelo ahora