Part 4

8.8K 979 18
                                    

ZawGyi

မနက်စာစားပီး ကျောင်းသို့သွားသည့်လမ်းတစ်လျှောက် ဝမ်ရိပေါ်နှင့်ရှောင်ကျန့်မှာ ကားနောက်ခန်းတွင် ကျောချင်းခိုင်းလျှက်အနေအထားဖြင့် လိုက်ပါလာခဲ့ကြသည်။

ရှောင်ကျန့်တစ်ယောက် စိတ်တော့သိပ်ကြည်မနေပေ။ သူမနေ့က ဝမ်ရိပေါ်ဆီက ဘလိုင်းကြီးအထိုးခံလိုက်ရတာ...ကြည့်ရတာ ကျောင်းမှာရန်ဖြစ်လာတာကို ဦးလေးဝမ်ကိုသူသွားတိုင်တယ်လို့ ထင်နေတဲ့ပုံပဲ။ အမှန်က ရှောင်ကျန့်တိုင်တာမဟုတ်ဘူး။ ဦးလေးဝမ် ဘယ်လိုသိလဲဆိုတာတော့ ရှောင်ကျန့်လည်းမသိဘူး။ စစချင်းအထိုးခံလိုက်ရတဲ့ အချိန်တုန်းကတော့ တကယ်ဒေါသထွက်သွားတာ။ အဲဒါကြောင့် ညနေဦးလေးဝမ် အလုပ်ကပြန်လာရင်တိုင်မလို့ဘဲ။ ဒါပေမယ့်လည်း ဝမ်ရိပေါ်ရဲ့ဒဏ်ရာတွေက တော်တော်များနေတာကိုတွေ့တော့ တိုင်လိုက်ရင် ထပ်ပီးအရိုက်ခံနေရမှာဆိုးတာနဲ့ လျှော့ပေးလိုက်တာ။ နောက်ပီး ဦးလေးဝမ်ဒေါသထွက်ပီး ဝမ်ရိပေါ်ကိုဆူပီးရင် ဝမ်ရိပေါ်ကသူ့ပဲရန်ပြန်လုပ်ဦးမှာ ဒီလိုနဲ့အဲဒီသံသရာကပီးတော့မှာ မဟုတ်ဘူး။

နောက်မှ ဝမ်ရိပေါ်ကောင်းသွားတဲ့အချိန်ကျမှပဲ သူပြန်ထိုးလည်းရတာပဲ။ လက်သီးတစ်လုံးအတွက် လက်သီးတစ်လုံးပေါ့။ အဲဒီဝမ်ရိပေါ်က သူ့အိမ်မှာ ရှောင်ကျန့်ကကပ်နေရတယ်ဆိုပီး သူ့ကိုအချိန်တိုင်းအနိုင်ကျင့်ဖို့တွေးနေတာ...ရှောင်ကျန့်ကလည်း သူ့ကိုလာစတဲ့သူဆိုရင် နည်းနည်းလေးမှသည်းခံချင်မိတာမဟုတ်ဘူး။ အငယ်ဆိုပီး ညှာတာပေးရအောင်လည်း ဝမ်ရိပေါ်ကတကယ်အမြင်ကပ်စရာကောင်းတယ်။ ရုပ်ကလေးချောနေတာကလွဲရင်

တစ်လမ်းလုံးငြိမ်ပီးလိုက်လာတဲ့ ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်စဉ်းစားနေမိသည်က

ရှောင်ကျန့်က ငြိမ်လှချည်လား? ဘာတွေကြံနေပြန်ပီလဲမသိဘူး။ အရမ်းပေါ့လျော့လို့တော့ မဖြစ်ဘူး သတိထားရမယ်။ ဒါပေမယ့်လည်း ငါကပြန်ပီးမွေးဖွားလာတာဆိုတော့ ဖြစ်လာမယ့်အရာတွေကိုကြိုသိနေလို့တော်သေးတယ်ပြောရမှာပေါ့။

နှစ်ယောက်သားအတွေးကိုယ်စီဖြင့် ကျောင်းသို့ရောက်သွားကြပီး သက်ဆိုင်ရာအခန်းသို့အသီးသီးဦးတည်သွားကြသည်။ အမှန်တော့ ရှောင်ကျန့်၏အသက်အရဆိုလျှင် ဒီနှစ်တွင် တက္ကသိုလ်စတက်ရတော့မည်ဖြစ်သော်လည်း ဝမ်အိမ်သို့မရောက်ခင် အိမ်အခြေအနေကြောင့် ကျောင်းနှစ်နှစ်နားခဲ့ရသဖြင့် ယခုမှ အထက်တန်းတတိယနှစ်ပဲရှိသေးကာ ရိပေါ်နှင့်နှစ်တန်းသာကွာလေသည်။

Chance Given From Heaven Where stories live. Discover now