Part 2

11.5K 1K 24
                                    

ZawGyi

မျက်လုံးများမှိတ်ထားသည့်တိုင် မျက်နာထက်သို့အတားအဆီးမဲ့စွာ ကျရောက်နေသည့် နေရောင်ခြည်ဒဏ်ကို သိသိသာသာခံစားနေရသည့်အခါ ထိုအလင်းစူးစူးများကို ရှောင်လွဲရန်အတွက်ဘေးတစ်ဖက်သို့စောင်းအိပ်လိုက်မိသည်။

"အား...ကျွတ်...ကျွတ်"

တစ်ဖက်သို့လှည့်လိုက်မိသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှ ခံစားလိုက်ရသည့် နာကျင်ကိုက်ခဲမူကြောင့် အိပ်လျှက်နှင့်ပင်မျက်မှောင်များကို စုကျုံ့မိပြန်သည်။

သူဘာလို့ အဲဒီလောက်တောင်နာကျင်နေရတာလဲ? အနည်းငယ် စဉ်းစားပီးသည့်အခါ သတိရလာသည်က ဖြစ်ပွားခဲ့သည့် ကားအက်စီးဒင့်ဖြစ်နေသဖြင့် ချက်ချင်းပင်တွေးလိုက်မိသည်က

မဟုတ်မှ ငါသေသွားပီလား?

ဖိမှိတ်ထားသည့်မျက်ဝန်းများကို အားယူ၍ဖွင့်ကြည့်လိုက်သည့်အခါ ရောက်ရှိနေသည့်နေရာက သူ့အိပ်ခန်းဖြစ်နေသောကြောင့် အနည်းငယ်ဇဝေဇဝါဖြစ်မိသွားသည်။

နေပါဦး အခု သူကကားတိုက်ထားတာမို့လို့ ဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား? မဟုတ်မှ တကယ်ပဲသေသွားပီလား? သေပီးဝိညာဉ်အဖြစ်နဲ့ အိမ်ကိုပြန်ရောက်လာတာလား? သူနောက်ဆုံးမှတ်မိတာက လမ်းမပေါ်မှာဟိုဒီပြေးလွှားနေတဲ့ ဘရိတ်မမိတော့တဲ့ကားကလေးပဲဖြစ်တယ်။ နောက်ပိုင်းအကြောင်းအရာတွေကိုတော့ သူဘာမှမမှတ်မိတော့.....

နာကျင်နေသည့် ကိုယ်ခန္ဓာအား အားယူကာငုတ်တုတ်ထထိုင်လိုက်သည့်အခါ မျက်ခုံးမှတစ်ဆင့် မျက်စိအောက်အရှေ့သို့ ဝေ့ဝဲကျလာသည့် အဖြူရောင်ဆံသားများကြောင့် အံ့သြမိရပြန်သည်။ ဘာဖြစ်လို့လဲဆိုတော့ ကားမတိုက်ခင်က သူ့ဆံပင်တွေက အညိုရောင်တွေဆိုတာသူမှတ်မိနေလို့ပဲ။ နောက်ပီး ဒီလိုအဖြူရောင်ဂုတ်ထောက်ဆံပင်က သူအသက်ဆယ့်ငါးနှစ်လောက်တုန်းက ထားခဲ့တာလေ။

ဘာတွေဖြစ်နေမှန်းမသိတဲ့ ဝမ်ရိပေါ်က ကုတင်ပေါ်ကနေ ကုန်ရုန်းထလိုက်မိတယ်။ သေပီလို့ပြောဖို့ရာကလည်း အခုသူ့ရဲ့လှုပ်ရှားမှုတွေအားလုံးက လက်တွေ့ဆန်လွန်းနေပြန်တယ်။ မှန်တင်ခုံရှေ့သို့သွားကာ ကြည့်လိုက်သည့်အခါတွင်တော့ ဝမ်ရိပေါ်၏ မျက်ခုံးအစုံဟာ မြင့်တက်သွားရတော့တယ်...

Chance Given From Heaven Tempat cerita menjadi hidup. Temukan sekarang