Part 21

7.8K 926 20
                                    

ZawGyi

"တ..တကယ်..ပြောတာလား ပါး! ကင်ဆာတဲ့လား?"

"အင်း..ဟုတ်တယ်"

နားထဲမှာကြားလိုက်ရတဲ့စကားကို မယုံကြည်နိုင်တာမို့ သူပြန်မေးလိုက်မိတော့ ပါးကတူညီတဲ့အဖြေကိုပဲပေးလာခဲ့တယ်။

အရင်ဘဝက သူအသက်နှစ်ဆယ့်တစ်နှစ်မှာ ပါးဆုံးသွားခဲ့တာ။ အခုတော့သူဆယ့်ရှစ်နှစ်မှာတင် ပါးကအခုလိုနေမကောင်းဖြစ်နေတာမို့ ပိုပြီးစိုးရိမ်ထိတ်လန့်မိတယ်။ သူတကယ်ပဲပါးကို မဆုံးရှုံး​ချင်သေးဘူး။

"ဟေး မငိုရဘူးလေ ရှောင်းကျန့်လေးကလည်း ဒီအတိုင်း ပါးဝဋ်လည်တာပဲနေမှာ...ပါး အခုဘာမှမဖြစ်သေးပါဘူး။ လိမ္မာတယ် တိတ်...တိတ်တော့နော်.."

အတွေးလွန်သွားမိတဲ့သူက ပါးရဲ့နှစ်သိမ့်သလိုအသံသဲ့သဲ့ကိုကြားလိုက်ရမှ သတိပြန်ဝင်ကာ အရှေ့ကိုကြည့်လိုက်မိတော့ မျက်ရည်တွေတအိအိကျနေပြီဖြစ်တဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတာမို့ ဘာလုပ်ရမယ်မသိဖြစ်သွားရတယ်။

"အင့်..အင့်"

နောက်ဆုံး​တော့ ခေါင်းကြီးကိုငုံ့ထားပြီး အသံမထွက်ဘဲ ကြိတ်ငိုနေတဲ့ရှောင်းကျန့်​​ဘေးနားကို ထသွားလိုက်​မိတယ်။

"မငိုနဲ့လေ ကျန့်ကောရယ် မဟုတ်ရင် ပါးစိတ်မကောင်းဖြစ်​နေမှာပေါ့။ ကျွန်တော်တို့ ပါးကိုစိတ်ချမ်းသာအောင်ထားရမယ်လေ"

"တောင်း..အင့်​..​တောင်းပန်ပါတယ်"

"သားရှောင်းကျန့်က တောင်းပန်စရာမလိုပါဘူး။ အမှန်တော့ပါးလည်းမင်းတို့ကိုပြောမပြချင်ပါဘူး။ ဒါပေမယ့်သိထားဖို့လိုအပ်တယ်ထင်လို့"

"သေချာပေါက် ကျွန်တော်တို့ကိုပြောပြရထားမှာပေါ့ ပါးကလည်း..ဒါနဲ့ ပါးရဲ့အခြေအနေက.."

"အင်း သိပ်လည်းမစိုးရိမ်ပါနဲ့ ဘာလို့ဆို ပါးကအသိမြန်သွားလို့ အခုမှပထမအဆင့်ပါတဲ့"

"တကယ်လား ပါး"

"ဟုတ်တယ်"

"တော်သေးတာပေါ့"

" ရိပေါ်"

"ဟုတ်ကဲ့"

"အားလုံးက သားကျးဇူး​ကြောင့်ပါ"

Chance Given From Heaven Tahanan ng mga kuwento. Tumuklas ngayon