Part 30

9.5K 858 35
                                        

ZawGyi

တစ်နေကုန်ပင်ပန်းနေသည့်အရှိန်ဖြင့် ဝမ်ရိပေါ်တစ်​ယောက်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး တစ်​ရေးနိုးသောအခါ သူ၏ရင်ခွင်ထဲမှာရှောင်းကျန့်မရှိတော့သဖြင့် ဘေးဘီသို့ကြည့်လိုက်မိသည်။

ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိတဲ့ ရှောင်းကျန့်ကကုတင်ခေါင်းရင်းနားမှာ ဒူးနှစ်ချောင်းထောင်ပြီး ဒူးပေါ်မျက်နှာအပ်ထားသလို တစ်ချက်တစ်ချက်လှုပ်ရှားသွားတဲ့ကျောပြင်ကြောင့် ဝမ်ရိပေါ်မှာအိပ်ချင်စိတ်တွေတောင်ပျောက်ပြီး ပူထူသွားရတယ်။

ရှောင်းကျန့်ကအခုငို​နေတာပဲ...

"Baby ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ ကိုယ့်ကိုပြော"

အိပ်နေရာကချက်ချင်းထလို့ ငိုနေတဲ့လူသာလေးကို​ကျောပြင်ကသိုင်းဖက်ရင်း​မေးလိုက်​တော့ ခေါင်း​မော့မလာ​ပေမယ့် ငိုနေတာက​တော့ရပ်သွားခဲ့တယ်။

"မေးနေတယ်လေ ဘာလို့ငိုနေတာလဲဆို?"

"------"

လုံးဝထမလာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ကအတင်းဆွဲယူပြီးခေါင်းကိုမော့စေတော့ ဘယ်လောက်တောင်ငိုထားခဲ့လဲမသိ မျက်ဝန်းလေးတွေက နီရဲပြီးဖောင်းအစ်နေတာပဲ။

"နေလို့မကောင်းလို့လား? ဘယ်နေရာကနာနေလဲ? ကိုယ့်ကိုပြော ဘာကအဆင်မပြေဘူးလဲ?"

"ရိပေါ်..အင့်"

လေသံကိုအတတ်နိုင်ဆုံးလျှော့ချပြီး ချော့မြူသလိုမေးလိုက်တော့မှ အသံသေးသေးလေးနဲ့ သူ့နာမည်ကိုခေါ်လာတယ်။

"အင်း ပြော ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလိုက်"

"ဟို..ကော..ကောကို..အင့်..ဘာလို့မယူတာလဲ"

"-------"

ထင်မှတ်မထားတဲ့မေးခွန်းကြောင့် ဝမ်ရိပေါ်မှာဘာပြန်ဖြေရမလဲမသိ ဆွံ့အသွားမိတယ်။

ရှောင်းကျန့် သူအခုထိတစ်ရေးမှ မအိပ်ရသေးဘူး။ ဒီနေ့ကသူတို့မင်္ဂလာဦးညမို့ သူစိတ်လှုပ်ရှားနေခဲ့တာ။ ဒါပေမယ့်ရိ​ပေါ်က သူ့ကိုအရင်နေ့တွေကလိုပဲ ဖက်ပဲအိပ်တဲ့အခါမှာတော့ သူ့စိတ်တွေယောက်ယက်ခတ်ကုန်ရတယ်။

Chance Given From Heaven Hikayelerin yaşadığı yer. Şimdi keşfedin