Part 39

9.7K 876 47
                                    

ZawGyi

"အခုဘယ်လိုလုပ်ကြမလဲ အဲဒီကောင်လေးက တော်တော်အသက်ပြင်းတာပဲ ကြားထဲကရှောင်းကျန့်သေသွားတာပဲအဖတ်တင်တယ်။ ပါးတို့ကရိပေါ်ကိုအခုလိုဖြစ်​အောင်လုပ်တဲ့တရားခံကို ရှောင်းကျန့်ဖြစ်အောင်​သေချာစီစဉ်ထားပြီးသားကို သူကလူစွမ်း​ကောင်းဝင်လုပ်တာနဲ့ အစီစဉ်တွေကလွဲချော်ကုန်ပြီ"

ကုမ္မဏီသို့ရောက်ရှိလာသည့် ဝမ်ရိပေါ်တစ်​ယောက် ရှောင်းကျန့်၏ရုံးခန်းထဲသို့ဝင်မည်အပြု အထဲမှကြားနေရသည့်စကားသံများကြောင့်ရပ်ပြီးနားထောင်လိုက်မိသည်။

"ရှောင်းကျန့်လိုလူ​တော်တစ်​ယောက်​ကိုဆုံးရှုံးလိုက်ရတာကို နှမြောမိ​ပေမယ့် အစကတည်းက သူကသမီးတို့နဲ့လက်မတွဲနိုင်ဘူးဆိုပြီး ငြင်းခဲ့တာဆိုတော့ အခုလိုသေသွားတော့လည်းမဆိုးပါဘူးပြောရမှာပေါ့ ပါးရယ်"

"ဒါဆို ဝမ်ရိပေါ်ကို​ရော ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ? သူ့အမွေတွေကရော"

"ဆရာဝန်တွေပြောတာတော့ ဝမ်ရိပေါ် သတိရမလာနိုင်ဖို့များတယ်တဲ့။ အဲဒီတော့ သူ့ပိုင်ဆိုင်မှုတွေက သူ့သတို့သမီးဖြစ်တဲ့ သမီးဆီကိုအလိုလိုရောက်လာပြီပေါ့။ ကံ​ကောင်းတာက ဝမ်ရိပေါ်မသိအောင် သူ့လက်ဗွေယူပြီး လက်ထပ်စာချုပ်လုပ်ခဲ့တာပဲ"

အနည်းငယ်ပွင့်ဟနေတဲ့ တံခါးပေါက်က​နေ​ချောင်းကြည့်လိုက်​တော့ မြင်နေရတဲ့ ဟွားမေရဲ့မျက်နှာက ကောက်ကျစ်စဉ်းလဲစွာ အားရကျေနပ်နေဟန်အပြည့်...

"ဒါပေမယ့် မတော်တဆသတိရလာပြီး ရှောင်းကျန့်အကြောင်းတွေသိကုန်ရင် ပါးတို့မလွယ်​လောက်ဘူး​နော်"

"အင်း..အဲဒါကြောင့် အခွင့်အ​ရေးရတာနဲ့ ဝမ်ရိပေါ်ကိုရှင်းပြစ်နိုင်ဖို့ စဉ်းစားနေပါတယ်။ အခုက ဝမ်ကျိုးချန်နဲ့ဟောက်ရွှမ်းက သူ့ကိုအချိန်တိုင်းလိုလိုစောင့်ပေးနေကြတာမို့ လုပ်မရဘူးဖြစ်နေတာ"

"ငါ့သမီးကို ပါးယုံပါတယ်။ ပိပိရိရိတော့လုပ်နော်"

"စိတ်ချပါ ပါးရယ်"

ရုံးခန်းထဲမဝင်ဖြစ်တော့တဲ့ ဝမ်ရိပေါ်က ထိုနေရာကနေလှည့်ထွက်လာလိုက်တယ်။ မအံ့သြဘူးလားမေးလာရင်တော့ မအံ့သြတော့ပါဘူး။ ဘာလို့ဆို သူကြိုတင်ခန့်မှန်းမိပြီးသားမဟုတ်လား။ ဘယ်ဘဝမှာပဲဖြစ်စေဘယ်တော့မှာမပြောင်းလဲတဲ့အရာတွေရှိခဲ့တယ်။

Chance Given From Heaven Where stories live. Discover now