Part 18

7.9K 954 18
                                    

ZawGyi

"ဒုန်း!!!"

မျက်စိအရှေ့ကမြင်ကွင်းကိုသေချာမြင်လိုက်သည့် ဝမ်ရိပေါ်က ကားတံခါးကိုစောင့်ပိတ်ကာ ကားပေါ်မှဆင်းသွားသည့်အခါ ကျန်ရစ်ခဲ့သည့် ဒရိုင်ဘာမှာ ဘုရားတ​နေရ​တော့သည်။

ဒေါသတကြီးလမ်းလျှောက်လာသည့် ဝမ်ရိပေါ်က သူဦးတည်နေသည့်နေရာသို့ရောက်သည်နှင့် ရှောင်းကျန့်၏လက်တစ်ဖက်အားဆွဲကိုင်နေသည့်လူ၏လက်အား​စောင့်ဆွဲဖြုတ်ကာ အားဖြင့်တစ်ချက်ထိုးချလိုက်သဖြင့် ထိုလူမှာမြေပြင်ပေါ်သို့ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားသည့်အခါ မြေကြီးပေါ်တွင်မြင်နေရသည့်လက်ကို ခြေထောက်ဖြင့်တက်ကာနင်းတော့လေသည်။

"ရိပေါ်!!"

လျှပ်တစ်ပြတ်အတွင်း ရုတ်တရက်ဖြစ်ပျက်သွားသည်အခြေအနေကြောင့် ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကိုတားချိန်မရလိုက်ဘဲ ရပ်ကြည့်နေမိရင်းမှ သတိဝင်လာသည့်အခါမှ အပြေးဆွဲရတော့သည်။

"ရိပေါ် စိတ်ထိန်း လွန်မယ်နော်"

တက္ကသိုလ်စတက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရှောင်းကျန့်ကိုကျောင်းသားကျောင်းသူတော်တော်များများက သတိထားမိသွားကြသလို စိတ်ဝင်စားတဲ့သူတွေလာပြောကြတာကိုလည်းမကြာခဏခံနေရတယ်။ ဒီအကြောင်းတွေ ရိပေါ်သိရင် ပြဿနာရှာမှာစိုးလို့ ရှောင်းကျန့်က သူ့ကိုလာဖွင့်ပြောကြတဲ့သူတွေတင်မက ရိပေါ်ကိုပေးခဲ့တဲ့ကတိအတိုင်း ခင်မင်ချင်တယ်လို့မိတ်ဖွဲ့တဲ့သူတွေအဆုံး အကုန်လုံးကိုငြင်းလွှတ်ခဲ့တယ်။

ပုံမှန်ညနေတိုင်း ဝမ်ရိပေါ်ရဲ့ကျောင်းကအရင်ဆင်းတာမို့ သူ့စာသင်ချိန်တွေပြီးတဲ့အချိန်အထိ လာစောင့်ကြိုနေတာမို့ အဲဒီလိုအချိန်တွေမှာဆို ရှောင်းကျန့်က အဲဒီလူတွေနဲ့ရိပေါ်မတွေ့မိအောင် ပိုပြီးဂရုစိုက်ခဲ့ရတယ်။ ရိပေါ်ကအရမ်းဒေါသကြီးတတ်တာကို သူအသိပဲမဟုတ်လား။ ဒီနောက်ပိုင်း ဒီကောင်လေးနည်းနည်းငြိမ်လာပေမယ့် မထင်ရင်မထင်သလိုသောင်းကျန်းချင်နေ​သေးတာ။ ဒီနေ့တော့နေ့လယ်ထမင်စားချိန်ကြီးမှာရောက်ချလာတဲ့ ဝမ်ရိပေါ်က ကျောင်းကနေနေ့တစ်ဝက်ခွင့်ယူလာပုံရပါတယ်။

Chance Given From Heaven Où les histoires vivent. Découvrez maintenant