Part 34

7.7K 839 26
                                    

ZawGyi

Wang Group CEO ရုံးခန်းအပြင်ဘက်ကနေ တုန်ယင်ယိုင်နဲ့နေ​သော ခန္တာကိုယ်ကိုမနည်းအားပြုလို့ထွက်လာရသည့် အရိပ်ငယ်လေးတစ်ခု....

အရှိန်အဟုန်ဖြင့် ပြည့်တက်လာသည့် မွန်းကျပ်မှု​ကြောင့် အသက်ရှုပင်မဝ​တော့သည့်တိုင် လက်ရှိနေရာနဲ့အဝေးဆုံးကိုရောက်​အောင်​​ပြေးထွက်သွားချင်တဲ့ ရှောင်းကျန့်က လက်ကျန်အားအနည်းငယ်ကိုစုစည်းလို့ ကုမ္မဏီထဲမှရအောင်ထွက်လာခဲ့သည်။

ကားထဲသို့ဝင်လိုက်ပြီးသည်အထိ မျက်လုံးစပ်နားဝေ့သီနေသည့် ကျလုဆဲဆဲ မျက်ရည်တွေကိုလည်း ရှောင်းကျန့်က ကျဆင်းခွင့်မ​ပေး​သေးဘဲ ထိန်းထားဆဲ...

ဒီနေရာနဲ့​ဝေး​အောင် သူအရင်ဆုံးသွားရမယ်မဟုတ်လား?

ဝဲနေတဲ့မျက်ရည်တွေကြောင့် ကားလမ်းမကိုရှင်းလင်းစွာမမြင်ရနိုင်ဖြစ်နေတဲ့အခါမှာတော့ အချို့ကိုပါးပြင်ထက်ဖြတ်သန်းစီးဆင်းခွင့်ပေးလိုက်ရပါတော့တယ်။

ကားရှင်းပြီးလူသွားလူလာပြတ်သည့်နေရာတစ်ခုကို ​ရောက်လာတဲ့အခါမှာတော့ ကားကိုလမ်းဘေးချရပ်လိုက်သည့်ရှောင်းကျန့်က ဒီထက်ပိုပီး ထိန်းချုပ်နိုင်စွမ်းမရှိတော့သလို အော်ဟစ်ငိုကြွေးပါတော့တယ်။

ဝမ်ရိပေါ်...သူ့ဘဝရဲ့တစ်ဦးတည်းသော အားကိုရာ တွယ်တာရာ ဖြစ်တဲ့ တစ်ဘဝလုံးစာချစ်ခဲ့ရတဲ့ ရိပေါ်က သူ့ကိုပိုင်ဆိုင်မှုတွေကြောင့် လက်ထပ်ခဲ့တာတဲ့လား? မဟုတ်ဘူးမလား? သူအခုကြားခဲ့တာတွေက အမှန်တရားတွေမဟုတ်ဘူးမလား?

သူ့ဘဝပျက်ဆီးလောက်တဲ့အထိ ရိပေါ် လုပ်ခဲ့တယ်ဆိုတာ သူဘယ်လိုယုံကြည်ပေးရမလဲ?

ချန်ဟွားမေ​နောက်ကိုလိုက်သွားတဲ့ ရှောင်းကျန့်က ကားပါကင်မှာရှာမ​တွေ့တဲ့အခါ ဝမ်ရိပေါ်ရဲ့ရုံးခန်းဘက်ကိုသွားခဲ့တယ်။ အပြင်ဘက်မှာအ​တွင်း​ရေးမှူးဖြစ်သူက ရှိမ​နေတာမို့ အခန်းတံခါးခေါက်မယ်ပြင်လိုက်ပေမယ့် အနည်းငယ်ပွင့်ဟနေတဲ့တံခါးကြောင့် အထဲကစကားသံတွေကို မရည်ရွယ်ပါပဲ သူကြားလိုက်ရတယ်။

ကျေးဇူးပြုပြီး အခုအချိန်မှာ သူကြားခဲ့တဲ့စကားတွေက အမှန်မဟုတ်ဘူးဆိုတာ တစ်ယောက်လောက်ပြောပေးကြရင် သိပ်​ကောင်းမှာပဲ။

Chance Given From Heaven Donde viven las historias. Descúbrelo ahora