Epilogue

12.8K 1K 131
                                    

ZawGyi

နာကျင်မှုကိုခံစားနေရသဖြင့် မျက်ဝန်းများပင်မဖွင့်ကြည့်ရသေးသည့် ဝမ်ရိ​ပေါ်တစ်​ယောက်မျက်ခုံးများကိုစုကျုံ့လိုက်မိသည်။

ဘာလဲ အခုထိမသေသေးဘူးလား သူတို့တွေ​ပြောသလို တကယ်ပဲအဲဒီလောက်တောင်အသက်ပြင်းနေတာလား? ဟင့်အင်း မနေချင်ဘူး။ ရှောင်းကျန့်မရှိတဲ့ဒီဘဝကြီးမှာ သူမနေချင်တော့ဘူး။ အသက်ရှိနေလည်း သူ့ဘဝကြီးကရှင်သန်စရာ​ကြောင်းပြချက်မှ မရှိတော့တာ။

"ရိပေါ်"

အကြိမ်ကြိမ်အခါခါသေချင်နေမိတဲ့သူ့စိတ်တွေက ကြားလိုက်ရတဲ့ အသံတစ်သံကြောင့် အလဲလဲအပြိုပြိုဖြစ်ရတယ်။

ရှောင်းကျန့် သူအခုရှောင်းကျန့်ရဲ့အသံကိုကြားလိုက်ရတာလား? ဒါဆို သူသေသွားပြီလား သူသေပြီးရှောင်းကျန့်နဲ့ပြန်တွေ့နိုင်တော့မှာလား?

"သတိရပြီလား ရိပေါ်"

စိုးရိမ်တကြီးထပ်ခေါ်နေတဲ့အသံကိုကြားလိုက်ရချိန်မှာတော့ ဝမ်ရိပေါ်တစ်​ယောက်ဖွင့်ဟရခက်​နေတဲ့ သူ့မျက်ဝန်းတွေကိုအတင်းဖွင့်ဖို့ကြိုးစား​နေမိ​တော့တယ်။

သူရှောင်းကျန့်အသံကိုကြားနေရတယ်။ နားကြားမှားတာမဟုတ်ဘဲ ရှောင်းကျန့်အသံဆိုတာ ဝမ်ရိပေါ်ကအတပ်ပြောနိုင်တယ်။

"ကော ခေါ်နေတာကိုကြားရလား ရိပေါ်"

နားထဲမှာပိုမိုပြတ်သားစွာ ကြားနေတဲ့အသံကြောင့် မျက်ဝန်းထဲကကျဆင်းချင်လာတဲ့မျက်ရည်တွေကို သူမထိန်းနိုင်တော့ဘူး။

ဒီအသံလေးကို ဒီတစ်သက်သူပြန်မကြားရတော့မှာကို ဘယ်လောက်တောင်ကြောက်နေခဲ့ရလဲ?

"ရှောင်းကျန့်"

"အင်း ကောရှိတယ် ရိပေါ်အနားမှာ ကောရှိတယ်နော်"

မျက်လုံးတွေအပြည့်အဝမဖွင့်နိုင်ခင် ရှောင်းကျန့်အမည်ကိုသူခေါ်မိတော့ သူ့ကိုနွေးထွေးစွာပြန်ဖြေပေးနေတာကြောင့် အိပ်မက်မဖြစ်​စေဖို့ သူဆုတောင်းနေမိတယ်။

မျက်ရည်များအဆက်မပြတ်ကျဆင်းနေပြီး မျက်လုံးပွင့်မလာသေးသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာစိတ်ပူလာရသည်။

Chance Given From Heaven Où les histoires vivent. Découvrez maintenant