Part 26

8.1K 886 13
                                    

ZawGyi

ရှောင်းကျန့်ပျောက်သွားတဲ့အချိန်တုန်းက ဝမ်ရိပေါ်က အရမ်းကိုကြောက်ရွံ့နေခဲ့မိတာ။ သူ့ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်အထိ​ကြောက်ရွံ့မှုမျိုးကို မခံစားခဲ့ရဖူးဘူး။ အရင်ဘဝက သေခါနီးအချိန်မှာတောင် ဝမ်ရိပေါ်က ဤမျှလောက်မကြောက်ရွံ့ခဲ့ဘူး။ မတော်တဆများ ဒီလူသားကိုဆုံးရှုံးရရင်ဆိုတဲ့ အတွေးကိုတောင်သူမတွေးရဲခဲ့တာကို မည်သူကမှသိနိုင်မယ်မထင်ဘူး။

ဟုတ်တယ်။ ဝမ်ရိပေါ်ကအခုလိုလုပ်ရပ်ကို လုပ်ခဲ့မိတာက အမွေတွေကို သူလိုချင်လွန်းလို့မဟုတ်ဘူး။ အကယ်၍ ရှယ်ယာတွေနဲ့ပိုင်ဆိုင်မှုတော်တော်များများက ရှောင်းကျန့်ရဲ့လက်ထဲရောက်သွားမယ်ဆိုရင် အရင်ဘဝကလိုပဲ ရှောင်းကျန့်ကဖြစ်သွားပြီး သူ့ကိုပြစ်ပယ်သွားမှာကိုကြောက်တာ။ အမွေတွေရပြီးမှ ​ရှောင်းကျန့်က သူ့ကိုမချစ်နိုင်ဘူးဆိုပြီး တစ်ခြားသူနောက်ပါသွားမှာစိုးလို့ ဝမ်ရိပေါ်ကပါးရဲ့အစီအစဉ်တွေကို တားဖို့ကြိုးစားခဲ့မိတာက အခုလိုတွေဖြစ်လာဖို့လုံးဝမဟုတ်ဘူး။

ပေးခဲ့မိတဲ့ ဒဏ်ရာအားလုံးကို ဒီကောင်က အကုန်ပြန်ကုစားပေးမှာမို့ ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့လား ခင်ဗျားရယ်။ ကျွန်တော် တကယ်တောင်းပန်ပါတယ်။

ဒီလူသားရဲ့ခန္တာကိုယ်ပေါ်က စက်ဆုပ်ဖွယ်အရာတွေကိုမြင်​နေရတာက သူ့ရင်ကို အဆမတန်နာကျင်စေတယ်။ ငြင်းဆိုမရတဲ့အမှန်တရားက ရှောင်းကျန့်ကိုအခုလိုဖြစ်စေခဲ့တဲ့ တရားခံကသူဖြစ်နေတဲ့အခါ ရူးမသွားဖို့အားတင်းနေရတယ်။

သူတောင်မထိတွေ့ရသေးတဲ့ ခန္တာကိုယ်အစိတ်အပိုင်းလေးတွေကို အဲဒီတဏှာရူးက ယုတ်မာခဲ့တာကိုတွေးလိုက်မိတော့ လက်သီးကိုတင်းတင်းဆုပ်လိုက်မိတာက လူသတ်ချင်နေတဲ့သူ့ရဲ့စိတ်ကိုသူထိန်းနေတာ။ အဲဒီလူသေရင်တောင်သူခွင့်မလွှတ်နိုင်ဘူး။ နောက်တစ်ခုက သေချာပေါက်အဲဒီလူကို အသက်ရှင်ခွင့်လည်းလုံးဝမပေးနိုင်ဘူး။ သူ့လက်တွေမှာသွေးမစွန်းစေရဘဲနဲ့ ငရဲအရောက်ပို့မယ့်နည်းလမ်းကို သူစဉ်းစားထားပြီးသားမို့ ​ဟောက်ရွှမ်းကိုပြောပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ပဲ လိုအပ်တော့တယ်။

Chance Given From Heaven Where stories live. Discover now