ZawGyi
အတင်းအကျပ်အနမ်းတွေဝေလာသည့် သူ့အပေါ်မှဝမ်ရိပေါ်ကို ရှောင်းကျန့်ကလည်းတွန်းဖယ်ဖို့ကြိုးစားတော့တယ်။
"မလုပ်ပါနဲ့"
လွတ်ထွက်သွားတဲ့တစ်ခဏသူပြောလိုက်တော့ စူးစူးရဲရဲကြည့်လာတဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက ပေါက်ကွဲခါနီးမီးတောင်တစ်ခုလို...
"ဘာလို့လဲ"
"-----"
"ဘာလို့ငြင်းနေရတာလဲ?"
"ကော...ကောအဆင်သင့်မဖြစ်သေးဘူး ရိပေါ်"
"ကျန့်ကော ကျွန်တော့်ကိုချစ်တယ်မဟုတ်ဘူးလား? သူ့ဘာသာအဆင်ပြေသွားလိမ့်မယ် မစိုးရိမ်နဲ့"
နှစ်သိမ့်ပေးသလိုပြောပြီးတာနဲ့ ဝမ်ရိပေါ်ရဲ့လက်တွေကသူ့တစ်ကိုယ်လုံးပေါ်မှာ စုန်ချည်ဆန်ချည်ပြေးလွှားလာပြန်တယ်။ တကယ်ပဲဝမ်ရိပေါ်ရဲ့လက်ဖဝါးတွေကဘာလို့များ အဲ့လောက်တောင်အရွယ်အစား ကြီးနေရတာလဲဆိုတာ ရှောင်းကျန့်ကတော့မစဉ်းစားတတ်တော့ဘူး။
အထိအတွေ့တွေက အဆုံးအထိသွားတော့မယ်မှန်း သိလိုက်ရတာနဲ့ သူ့အပေါ်က ဝမ်ရိပေါ်ကိုအားကုန်တွန်းလွှတ်လိုက်ပြီး ဝမ်ရိပေါ်အနောက်ကိုဟန်ချက်ပျက်ပြီးလဲကျသွားချိန်မှာ လဲနေရာမှအမြန်ထလိုက်မိတယ်။
"ရိပေါ်..တကယ်တောင်းပန်ပါတယ်"
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လက်မခံနိုင်ရတာလဲ"
တကယ်ပဲရှောင်းကျန့်ကသူ့ကိုဘာလို့ အဲဒီလောက်တောင်ငြင်းဆန်နေရတာလဲ? မဟုတ်မှ ရှောင်းကျန့်ကအခုအချိန်အထိ သူ့ကိုဟန်ဆောင်ပြီးဆက်ဆံနေတာလားဆိုတာ တွေးမိတော့ အလိုက်မသိစွာ နာကျင်ချင်လာမိတဲ့ နှလုံးသားကိုအတင်းပဲ မျက်ကွယ်ပြုလိုက်ရတယ်။ ဒီဘဝမှာလည်း သူထပ်ပြီးရှုံးနိမ့်လို့မဖြစ်ဘူးမဟုတ်လား?
ပြန်ထလာတဲ့ ဝမ်ရိပေါ်က မယုံကြည်နိုင်သလို သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်လို့မေးလာတဲ့အခါ ထိုမျက်ဝန်းတွေကို ရင်မဆိုင်ရဲတဲ့ ရှောင်းကျန့်က အကြည့်တွေကိုရှောင်ဖယ်ရတော့တာပါပဲ။
ESTÁS LEYENDO
Chance Given From Heaven
Fanficလက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်..... Home Run အထိရိုက်နိုင်ဖို့ရည်ရွယ်တယ်။ လုပ်နိုင်ခဲ့ရင် ဝမ်ရိပေါ်က ထိုနှလုံးသားပေါ်မှာလက်မှတ်ထိုးပ...