Zawgyi
ဆေးရဲ့သဘာဝအရ ခါးသက်တယ်ဆိုပေမယ့် ဒီတစ်ခါမှာတော့ ချိုမြန်နေသလို။ ကျွန်တော်ယုံကြည်လိုက်ပြီ။ ကျွန်တော့်အနားမှာ Daddy သာရှိနေရင် အရာရာက လှပနေမယ်ဆိုတာကိုပေါ့။
မနက်တိုင်းမှာ Daddy ရဲ့ "Goog morning ရှေရီ"ဆိုတဲ့ အသံချိုချိုနဲ့ အတူ အပြုံးလှလှကို ခံစားပြီး နိုးထတယ်။ ညတိုင်မှာ "Good night ရှေရီ" ဆိုတဲ့ နှုတ်ဆက်စကားနဲ့ အနမ်းတစ်ပွင့်ကိုရတာ ၃လနီးပါးရှိပြီဖြစ်တယ်။
သို့သော် Daddy ကိုကျွန်တော်မစကားမပြောသေး။ Daddy ကကျွန်တော့်အပေါ်မှာ စိတ်ရှည်တယ်ဆိုတာထက်ကို ပိုပေမယ့် ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး။
ဒါကြောင့် Daddyကို ကျေးဇူးတင်သလို အားနာမိတယ်။ တစ်ပတ်ကိုတစ်ခါလောက် လှပပြီး လူရှင်းသည့်နေရာတစ်ခုခုစီကို ခေါ်သွားပေးတဲ့ Daddy နောက်ကို လိုက်သွားဖြစ်တယ်။
ကျွန်တော့်အခြေအနေက အရင်ကထက် ပိုဆိုးသွားတာလား၊ ပိုကောင်းလာတာလား ဆိုတာ ကျွန်တော်လဲမသိတော့။ တစ်ခါတစ်ရံမှာ ကောင်းကင်ပြာကို အကြောင်းမဲ့ငေးကြည့်နေမိသလို တစ်ခါတလေကျတော့လဲ ငိုနေမိပြန်တယ်။
ဒီလိုနဲ့ တစ်ရက်မှာ Daddy ကကျွန်တော့်ကို ပင်လယ်ဆီကိုခေါ်သွားတယ်။ သိပ်ကိုလှပတဲ့ ပင်လယ်ပြင်ဖြစ်တယ်။ လှိုင်းတွေ၊ ရေစီးကြောင်းတွေဟာ လွတ်လပ်နေလိုက်တာ။
ပင်လယ်!! နက်ရှိုင်းခြင်းသဘောကိုဆောင်တယ်။ တစ်ချို့က မာယာလို့ ပြောကြတယ်။ ဒါဆို Daddy ကရော ပင်လယ်တစ်ခုများ ဖြစ်လေမလား။
Daddy က ပင်လယ်ပဲ။ သူ့စိတ်က နက်ရှိုင်းတယ်။ ခန့်မှန်းရသိပ်ခက်တယ်။ အခုချိန်ထိ Daddyရဲ့စိတ်ကို ကျွန်တော်နားမလည်သေး။ ကျွန်တော့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ မသိဘူး။
တစ်ခါတစ်ရံမှာ နူးညံ့ပြပေမယ့် တစ်ခါတစ်ရံမှာတော့ ခက်ထန်သွားသယောင်ရှိတဲ့ Daddy ကပင်လယ်လို မာယာများနေသလား။
မည်သို့သောအဓိပ္ပာယ်များကိုဖွင့်စေကာမူ ပင်လယ်ဟာ ပင်လယ်ပဲဖြစ်တယ်။ မြစ်ချောင်းအင်းအိုင်တွေရဲ့ စုစည်းမှုကို လက်ခံပေးတဲ့နေရာတစ်ခုပဲမလား။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.