Zawgyi
တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုရဲ့အဆုံးသတ်က ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်လိုက်ဖို့ဆိုပြီး ကျွန်တော်သတ်မှတ်တယ်။ မနက်စာပြင်တာ Daddyမဟုတ်ဘဲ ကျွန်တော်ဖြစ်လာတာကို Daddyက သဘောမကျချင်။ ပန်းကန်တစ်ချပ်ကို ကောင်းကောင်းမွန်မွန်ဆေးတတ်ဖို့ ၁၀ချပ်လောက်ခွဲမိတာကိုတော့ အပြစ်မယူတဲ့ Daddyက ကျွန်တော့်ကိုမနိုင်လို့ လွှတ်ထားဟန်။
" ရှေရီ ... ကိုယ့်စကားကို နားမထောင်တော့ဘူးလား။ အရင်က ကိုယ်ဘာပြောခဲ့လဲ၊ မမှတ်မိတော့ဘူးလား။ "
နံနက်စာစားပြီးတိုင်း ပန်းပန်ဆေးဖို့လုပ်ရင်း အမြဲကြားနေရတဲ့ Daddyစကားက ကျွန်တော်မလိမ်မာတာကို အနည်းငယ်လောက်စိတ်ကုန်နေသလို။
" Daddyကလဲ .... ကျွန်တော့်မမေ့ပါဘူး။ "
ပန်းကန်တွေကို ဘေစင်ဆီယူသွားရင်းပြောပေမယ့် Daddyက ထိုင်ရာကနေမထ။ Daddyကို ကျောပေးထားပေမယ့် မျက်ခုံးနှစ်ခုတွန့်ချိုးနေမယ့် တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ကို မျက်လုံးထဲမှာမြင်ယောင်နေဆဲ။
" ဒါဆို မင်းပြောလေ .... ကိုယ်ဘာပြောခဲ့လဲ။ "
အသံမာလာတဲ့ Daddyက ကျွန်တော်လုပ်နေတာကို အမြင်မကြည်။ စိတ်လျော့ပါ Daddyရယ်။ ကျွန်တော်ရွေးခဲ့တဲ့ လမ်းလေဗျာ။
" မင်းရဲ့လက်ဖဝါးနုနုက ပန်းကန်ဆေးဖို့ မလိုဘူးဆိုတာ အမြဲမှတ်ထားရမယ် ရှေရီ။ အဲလိုမျိုး Daddyပြောခဲ့တာလေ။ ကျွန်တော်မှတ်မိပါတယ်။ "
Daddyပြောခဲ့ဖူးတဲ့စကားကို ပြောခဲ့ဖူးတဲ့အတိုင်း တသဝေမတိမ်း ပြန်ပြောပြလိုက်တယ်။ Daddyနဲ့ပတ်သက်တဲ့အရာအားလုံးကို ကျွန်တော်မမေ့ဘူးဆိုတာ Daddyသိပါစေ။
" မင်းမှတ်မိတယ်ဆို ဘာလို့ကိုယ့်စကားကို နားမထောင်ရတာလဲ ရှေရီ။ "
" နားမထောင်တာမဟုတ်ပါဘူး Daddy. ကျွန်တော်လဲ လုပ်ချင်လွန်းလို့လုပ်နေတာ မဟုတ်ဘူးလေ။ ကျွန်တော့်ရဲ့ကိစ္စအားလုံး Daddyလုပ်ပေးတာပဲ လိုချင်တယ်ဆိုတာ Daddyအသိ။ ဒါပေမယ့် အဲလိုလုပ်တာက ဂရုစိုက်လွန်းတာတဲ့။ အဲလိုပဲ ဂရုစိုက်ခံရလွန်းနေရင် Treatment ယူလဲ အလကားပဲတဲ့။ "
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.