Zawgyi
ဒီရက်တွေအတွင်းမှာ စကားပြောဖော်တစ်ယောက်ရလိုက်တဲ့အဖြစ်က အများကြီးအဆင်ပြေနေတယ်။ Brian က စကားနည်းနည်းများပေမယ့် စိတ်ရှုပ်စရာကောင်းလောက်အောင်ဖြစ်စေတာမျိုးမဟုတ်။ ပျော်ပျော်နေတတ်တဲ့ သူဌေးသားလေးဖြစ်တာကြောင့် ငွေကိုသုံးစွဲတာတော့ ရေလိုမျိုး။ ကျွန်တော့်ရဲ့ဘ၀ဖြစ်စဉ်ကို မပြောပြမိရင်တောင် Brian က ဝါသနာတူ သူငယ်ချင်းတစ်ယောက်ဖြစ်တာမို့ တကယ်ခင်မိတာအမှန်။
ကျောင်းတက်ခြင်းအမှုကတော့ မဆိုးဘူးလို့ပဲ ပြောရမယ်။ စာလေ့လာတဲ့နေရာမှာ ကျွန်တော်အာရုံစိုက်နိုင်တာမို့ အခက်အခဲမရှိ။ Skate ကွင်းထဲက စီနီယာတွေရဲ့ အသင်အပြကောင်းမှုရယ်၊ ကျွန်တော်ကိုယ်တိုင်ရဲ့လေ့ကျင့်မှုရယ်ကြောင့် Skate စီးတာလဲ အတော်လေးတိုးတက်လာပြီဖြစ်တယ်။
နောက်ပြီးတော့ Sara!! တစ်ပတ်ကို ၁ခါလောက်၊ ဒါမှမဟုတ် ၂ခါလောက် ဟင်းချက်စာတွေ လာပို့ပေးတယ်။ သူမအားတဲ့တစ်ချို့ရက်တွေမှာတော့ သူမကိုယ်တိုင်ပဲ ထမင်းချက်ကျွေးပါတယ်။ ဘက်လိုက်ခြင်းအားဖြင့်ပြောရရင် Daddyလက်ရာကို မမီ။ ဒါပေမယ့် အတော်စားကောင်းတဲ့ ဟင်းပွဲတွေကို ဖန်းတီးပေးနိုင်တဲ့ Sara က အချက်အပြုတ်တော်တဲ့ စားဖိုးမှူးတစ်ယောက်လိုမျိုး။
နောက်ဆုံးတစ်ယောက်ကတော့ ဉီးလေးကျိုး!! ကျွန်တော့်ကို အကြောင်းမကြားပါဘဲနဲ့ ရှန်ဟိုင်းကနေ ပဲရစ်ကို ရုတ်တရက်ရောက်လာတဲ့ ဉီးလေးကျိုးက ကျွန်တော့်ကို Treatment ယူဖို့ သူရင်းနှီးတဲ့ Psychiatrist ဆီကို ခေါ်သွားဖို့ပါတဲ့။
ဒီတစ်လောရဲ့ဖြစ်စဉ်တွေကို စဉ်းစားကြည့်တယ်။ "Daddyက ကျွန်တော့်ကို ပစ်ထားတယ်။" လို့ တစ်ဖက်သတ်တွေးလို့ အပြစ်ဆိုချင်ပေမယ့် ကျွန်တော့်ရဲ့အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ဖို့ Sara ဆီအမြဲမှာနေတဲ့သူက Daddyပါတဲ့။ မပြတ်လပ်တဲ့ လူနာတွေကြောင့် ကျွန်တော့်ရဲ့ Treatment ကို မေ့နေတဲ့ ဉီးလေးကျိုးကို Daddyကိုယ်တိုင် လေယာဉ်ပေါ် ဆွဲတင်ခဲ့ပါသတဲ့။
စဉ်းစားမိတဲ့အကြောင်းထဲ Daddyပါလာတော့ စိတ်ထဲ အနည်းငယ်ကြည်လင်လာတာအမှန်။ ရုတ်တရက် ဖုန်းလာတဲ့အသံကို ကြားလိုက်တယ်။ ဘယ်သူလဲ ကြည့်လိုက်တော့ Daddy.
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.