Zawgyi
ပခုံးထက်က စိုစွတ်မှုကြောင့် Daddy ရင်ခွင်ထဲကနေ အလျင်အမြန်ပဲ ထွက်လိုက်မိတယ်။ မဟုတ်ဘူးလေ Daddyရဲ့ ....မငိုရဘူးလေဗျာ။ Daddy မျက်နှာက အပြုံးတွေနဲ့ပဲ လိုက်ဖက်တာလေ။
Daddyငိုရင် ကျွန်တော့်ကမ္ဘာပြိုမှာပေါ့ Daddyရဲ့။
ဘာကိုမှ ပြောမနေတော့ဘဲ Daddy မျက်နှာပေါ်က အကျည်းတန်လှတဲ့ မျက်ရည်စတွေကို ဖယ်ရှားပစ်လိုက်တယ်။ အဲဒီအခါ Daddy ကကျွန်တော့်လက်ကို ဆုပ်ကိုင်လာလေရဲ့။
အခုလိုဆိုပြန်တော့လည်း Daddyက ကလေးငယ်လေးတစ်ယောက်လို။ အမြဲလိုလို မျက်နှာထားတည်တည်နဲ့ နေတတ်တဲ့ Daddyက ငိုနေသတဲ့လား။
ရုတ်တရက်ဝင်လာမိတဲ့အတွေးက ဘယ်သူတွေရှေ့မှာရော Daddy ငိုထားသေးလဲ။ မရဘူးနော် ..... Daddyရဲ့အရာအားလုံးက ၀မ်ရိပေါ်ဆိုတဲ့ ကျွန်တော့်အတွက် ဖြစ်နေရမှာ။
" ကိုယ်ခေါ်နေတာကို ဘာလို့ပြန်မထူးတာလဲ ရှေရီရာ..... ကိုယ်ဘယ်လောက်စိတ်ပူသွားလဲ မင်းသိလား။ "
ရှုပ်ပွနေတဲ့ ကျွန်တော့်ဆံပင်တွေကို အသာအယာ သပ်တင်ပေးလို့ အပြစ်မဆိုသာသော စကားကို Daddy က ဆိုလာတယ်။
တစ်ဆိတ်လောက်။ ဒါဆိုရင် Daddy ကကျွန်တော့်ကို စိတ်ပူလို့ ငိုတာလား။ Daddy မျက်ရည်တွေကိုမကြိုက်ပေမယ့် ကျွန်တော့်အတွက်ဆိုရင်တော့ ကျေနပ်မိတယ် Daddyရဲ့။
" ဟို.... Daddyက ကျွန်တော့်ကို မမြင်ချင်တော့ဘူး ထင်လို့။ "
တုန်ယင်နေတဲ့ အသံနဲ့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
" ရှေရီရာ.... ဘာလို့ အဲလိုများ တွေးရက်ရတာလဲ။ "
" မနက်က ကျွန်တော်အိပ်ယာထတော့ Daddyမရှိဘူး။ အရင်နေ့တွေကလို မြင်နေကျ အပြုံးကိုလဲ မမြင်ရဘူး။ "Good morning ရှေရီ" လို့ Daddy ပြောတာကိုလဲ မကြားရဘူး။ ကော်ဖီတွေကလည်း အေးနေတယ်။ ပေါင်မုန့်အနားသားတွေက မာနေတယ်။ နောက်ပြီး Daddyကိုလိုက်ရှာတယ်။ မတွေ့ဘူး။ အဲဒါ.... "
ဖြစ်ခဲ့သမျှ တစ်ခုချင်းစီကို အသေးစိတ်ကျကျ ပြန်ပြောမိတယ်။ သို့သော် Daddyက ကျွန်တော့်ကို အလိုမရှိဘူး ဆိုတာ တကယ်မဟုတ်ဘူးလို့ သိနေပြီဖြစ်သည့်တိုင်အောင် နှုတ်ကထုတ်ပြောရန်ကတော့ ခက်ခဲနေဆဲ။ ကျွန်တော်က Daddyနဲ့ပတ်သက်ရင်
sensitive ဖြစ်လွန်းတယ် ထင်ရဲ့။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.