Part 31

112 14 0
                                    

Zawgyi

ကျောင်းနားခံရတဲ့ တစ်ပတ်အတွင်းမှာ အိမ်ထဲမှာပဲ နေဖြစ်တဲ့ရက်တွေက များတယ်။ အနီးအနားပတ်ဝန်းကျင်ကို Daddyနဲ့အတူ လမ်းလျှောက်ဖြစ်ရုံကလွဲရင် အပြင်ထွက်တာရှားတဲ့နေ့ရက်တြွေဖစ်တယ်။

ပဲရစ်ရဲ့ရှုခင်းက လှပနေတယ်။ လမ်းမတွေရဲ့ဘေးမှာ စီတန်းစိုက်ပျိုးထားတဲ့ သစ်ပင်တွေကို အရင်လို မျက်စိမနောက်တော့ဘူး။ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဖက်ရှင်မှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ ပဲရစ်က တကယ်ကို ပန်းချီကားတစ်ချပ်လိုဖြစ်တယ်။ ကိန်းကြီးခန်းကြီးနိုင်တယ်လို့ ထင်ခဲ့မိတဲ့ ကျောင်းတော်ကြီးရဲ့ ဗိသုကာလက်ရာကိုတောင် သဘောကျနေမိရဲ့။

ကျွန်တော့်ရဲ့စိတ်အခြေအနေ ပြောင်းလဲနေမှုကို ပဲရစ်မြို့တော်ကသာ သိသွားရင် "မင်း Daddyရှိလို့ ​မတူတော့တာမလား။ " ဆိုပြီး စကားနာထိုးနေမလား။

" ရှေရီ။ "

" ဗျာ။ "

အခန်းရဲ့ မှန်ပြတင်းကနေ ဖြတ်မြင်နေရတဲ့ Effelမျှော်စင်ကြီးကို ငေးကြည့်နေတုန်း Daddyက အနားရောက်လာတယ်။ တစ်ခုခုကို ပြောစရာရှိနေတာများလား။

" ကိုယ် မင်းမိဘတွေအကြောင်း ပြောချင်လို့။ "

" ဟုတ်ကဲ့။ "

Daddyပြောမယ့် ကျွန်တော့်မိဘတွေအကြောင်းက သေဆုံးရခြင်းအကြောင်းရင်းပဲ ဖြစ်လိမ့်မယ်။ သေဆုံးမှုရဲ့မသင်္ကာအချက်တွေကို Daddyရှာတွေ့ခဲ့ပြီများလား။

" ကျွန်တော်နားထောင်နေပါတယ် Daddy. "

စကားကိုဆက်မပြောသေးဘဲ တွန့်ဆုတ်နေတဲ့ Daddyပုံစံက ပုံမှန်ကနေ ကွဲထွက်နေတယ်။ တွေဝေနေတာ Daddyအကျင့်မှ မဟုတ်တာပဲဗျာ။ အမှန်တရားက နာကျင်ရင်တောင် လက်ခံနိုင်တာမို့....။

" မင်းမိဘတွေ သေဆုံးမှုရဲ့ အဓိကတရားခံကို ကိုယ်ရှာတွေ့ပြီ။ "

ပြောမယ့်ပြောတော့ တဲ့တိုးပြောချလာတဲ့Daddyမျက်နှာက အတော်လေးစိတ်ရှုပ်နေဟန်။ နာကျင်ရင်တောင် လက်ခံနိုင်ပါတယ်ဆိုတဲ့ ကျွန်တော်ကလဲ တုန်လှုပ်မိသွားတယ်။

ပါးပါးနဲ့မားမားက မတော်တဆမဟုတ်ဘဲ တစ်စုံတစ်ယောက်ကြောင့် သေသွားတာများဖြစ်နေမလားလို့ တွေးမိပြီးကထဲက 'မဟုတ်ခဲ့ရင်' ဆိုတဲ့မသေချာမှုကြောင့် တစ်ဖက်လူကို စွပ်စွဲနေမိတာဆိုပြီး အားနာနေခဲ့မိတာ။ အတွေးတွေလွန်နေခဲ့မိတာ။

Falling Leaves To Their RootsWhere stories live. Discover now