Zawgyi
နောက်ရက်မနက်မှာ မနက်စာစားပြီးတာနဲ့ Annyကိုနှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ အရင်နေ့က ကျွန်တော်ခူးခဲ့တဲ့ စပျစ်သီးတွေကိုပါ ထည့်ပေးလိုက်သေးတယ်။ ကားပေါ်တက်ခါနီးမှာ ကျွန်တော့်အနားကို ကပ်ပြီး ခပ်တိုးတိုးစကားတစ်ခွန်းကို Annyက ဆိုလိုက်သေးတယ်။
"ကောင်လေး... မင်းက သိပ်ကိုကံကောင်းတဲ့လူသားပဲ။ Seanကိုတန်ဖိုးထားနော်။ "
တစ်ဖက်လူမတိုက်တွန်းရင်တောင် Daddyက ကျွန်တော်တန်ဖိုးအထားရဆုံးသူမို့ ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ ကျွန်တော့်ဘ၀မှာ မသိတတ်ခြင်းတွေများနေသေးပေမယ့် Daddyက ကျွန်တော့်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကိုတော့ သိနှင့်နေတာ အတော်ကြာပြီဖြစ်တယ်။
အိမ်ကိုပြန်လာနေတဲ့ ကားလေးကတော့ အရင်လိုပဲ တိတ်ဆိတ်နေဆဲ...။ Daddyနဲ့ ကျွန်တော်ကလဲ ပြောစရာစကားတွေ ကင်းမဲ့နေဆဲ...။
" Daddy. "
သိလိုတဲ့မေးခွန်းတွေကို အဖြေရဖို့ ပထမဆုံးခြေလှမ်းကို ကျွန်တော့်ဘက်က စတင်လျှောက်လှမ်းလိုက်တယ်။ အဖိုးအခအနေနဲ့ ကျွန်တော်မေးသမျှကို Daddyက တိတိကျကျ ပြန်ဖြေဖို့ကို မျှော်လင့်ရင်း...။
" ပြောလေ ရှေရီ။ ဘာပြောမလို့လဲ။ "
" Annyနဲ့ Daddyက အမျိုးတော်တာလား။ "
ဘာအမျိုးမှမတော်ဘူးဆိုတာ သိပြီးသားဖြစ်ပေမယ့် နောက်ဆက်တွဲမေးခွန်းတွေအတွက် ယခုမေးခွန်းနဲ့ပဲ နိဒါန်းပျိုးလိုက်တယ်။
Annyနဲ့ Daddyက ဘယ်လိုသိကြတာလဲ။ ရင်းနှီးလာတဲ့ သက်တမ်းကရော ဘယ်လောက်ကြာပြီလဲ။ ဘယ်အတိုင်းအတာထိ ရင်းနှီးကြသလဲ။ ကိုယ်ရေးကိုယ်တာအကြောင်းတွေပါ တိုင်ပင်တဲ့အထိလား။ နောက်ဆုံး ဘာအတွက်ကြောင့် Daddyကိုတန်ဖိုးထားဖို့ ကျွန်တော့်ကိုမှာရတာလဲ။
တော်ရုံနဲ့အဆုံးသတ်မှာမဟုတ်တဲ့မေးခွန်းတွေကို ကျွန်တော့်စိတ်ထဲမှာပြင်ဆင်ပြီးသား။ သေသေချာချာသိရတဲ့အထိ မေးဖို့ထိ ဆုံးဖြတ်ပြီးသား။ ဒီအတွက် အကြောင်းရင်းက အလာလမ်းတုန်းကလို တိတ်ဆိတ်မနေချင်ရုံသက်သက်သာဖြစ်တယ်။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.