Part 21

95 14 0
                                    

Zawgyi

အိပ်ယာအပြောင်းအလဲဖြစ်တာရော၊ ပင်ပန်းတာရောကြောင့် ကောင်းစွာအိပ်မပျော်။ မနက်ခင်းအာရုဏ်မတက်ခင်ကထဲက နိုးနေတယ်။ လာနှိုးမယ့်သူမရှိဘူး ဆိုတဲ့အသိက နှိပ်စက်ရန်ပြင်လေတော့ အိပ်ယာထပြီး ရေချိုးလိုက်တယ်။ တစ်ယောက်ထဲက တစ်ယောက်ထဲပါပဲ။

ကိုယ့်ဘာသာပဲ မနက်စာပြင်လိုက်တယ်။ Daddy မရှိတဲ့ မနက်ခင်းဆိုတာ လုံးဝကိုသိသာစေတဲ့အချက်က အရသာမဲ့လွန်းတဲ့ ပေါင်မုန့်မီးကင်ရယ်၊ ပုံမှန်ထက်ကို ခါးသက်လွန်းတဲ့ ကော်ဖီရယ်။

သောက်စရာရှိတာသောက်၊ စားစရာရှိတာစားပြီး ကျောင်းဝင်ခွင့်အတွက် ပြင်ဆင်တယ်။ နောက်ပြီး သန့်ရှင်းနေပြီးသား အိမ်ကို သန့်ရှင်းရေးလုပ်တယ်။ လက်ထဲမှာ အလုပ်တစ်ခုခုရှိမှ၊ မဟုတ်ရင် တစ်ယောက်ထဲအတွေးများပြီး Daddyကို လွမ်းနေတော့မှာ။

အဆက်သွယ်ဖြတ်ဖို့ ကြိုးစားနေသလား မသေချာတော့တဲ့ Daddyက ပြန်ရောက်ပြီဆိုတဲ့အကြောင်းကို ဖုန်းဆက်မလာ။ "လေယာဉ်ပေါ်မှာ အချိန်အတော်ကြာနေခဲ့ရလို့ ပင်ပန်းနေမှာ၊ အေးအေးသက်သာ နားပါစေ။" ဆိုတဲ့ စိတ်နဲ့ ဖုန်းမခေါ်တဲ့ ကျွန်တော့်ကို Daddy မငြိုငြင်စေလို။

မရောက်သေးတဲ့ ပတ်ဝန်းကျင်နေရာတွေကို လျှောက်ပတ်ကြည့်တယ်။ တစ်ဖက်တစ်ချက်စီမှာ သစ်ပင်တွေ စီတန်းစိုက်ပျိုးထားတဲ့ လမ်းမတွေက အနည်းငယ်တော့ စိတ်သက်သာရစေတယ်။

ဟိုကြည့်ဒီကြည့်နဲ့ ပျင်းလာတာမို့ အိမ်ပြန်ဖို့ပဲ တွေးလိုက်တယ်။ ကြည့်ရတာ ကျောင်းမဖွင့်ခင် တစ်ပတ်အလိုက အိမ်တွင်းပုန်းဖြစ်မယ်ထင်ရဲ့။

.
.
.
.
.

" ရိပေါ်!! "

ဖြစ်သလိုနေရင်း တစ်ပတ်ကြာတဲ့အခါ ကျောင်းစဖွင့်တဲ့ရက်မှာပဲ Sara ရောက်လာခဲ့တယ်။ သူမကိုကြည့်ရတာ အလျင်လိုနေပုံ။

" ဘာလို့လဲ Sara"

" Sorry ရိပေါ်ရယ်... ဟိုရက်တွေကထဲက မင်းစီးဖို့ တစ်ခုခုပြင်ပေးရမှာကို တို့မေ့သွားတယ်။ အခုပြန်ရောက်ရောက်ချင်း သတိရလို့ မင်းဘာလိုချင်လို့ ကိုယ်လာမေးတာ။ ကားမာင်းမှာလား၊ ဆိုင်ကယ်ပဲစီးချင်လား။ နောက်ပြီး ကျောင်းက ဒီနေ့ စတက်ရမှာမလား။ "

Falling Leaves To Their RootsWhere stories live. Discover now