Part 15

121 16 2
                                    

Zawgyi

" Happy Birthday ... ရှေရီ။ "

"မွေးနေ့မှာ ပျော်ရွှင်ပါစေ" တဲ့လား Daddyရာ။ ကျွန်တော့်အနားမှာ Daddyရှိနေသမျှ ပျော်ရွှင်ခြင်းနဲ့ပဲ ရပ်တည်မှာမို့ တထူးတလည် ဆုမတောင်းလဲ ရပါတယ်။

" ဟာ ... ရှေရီ။ ဘာလို့ငိုနေတာလဲကွာ ... မငိုရဘူးလေ။ "

ခွင့်ပြုလိုက်ပါ Daddy. ပျော်လွန်းလို့ ကျလာတဲ့မျက်ရည်တွေမို့ ရပ်တန့်ပစ်ဖို့ စိတ်မကူးပါနဲ့နော်။

" တော်ပြီလေကွာ ... ပျော်လို့ငိုတယ်ဆိုပေမယ့် အများကြီးငိုရင် မျက်လုံးတွေနာလိမ့်မယ်။ တိတ်တော့နော်။ "

"၀မ်ရိပေါ်က သိပ်ကိုလိမ်မာတဲ့ ကောင်လေးပါလား" ဟုတောင် စကားနာထိုးသွားတဲ့ လေပြည်က ကျွန်တော်အငိုတိတ်တာကို သိရှိသွားလို့ထင်ရဲ့။

ပြောကြစမ်းပါစေ။ စကားနာထိုးကြစမ်းပါစေ။ Daddyနဲ့ ပတ်သတ်တာမို့ ကျွန်တော်က ငြင်းဆန်ဖို့ မကြိုးစားဘူးရယ်။

" Daddy!!  Daddy!!  Daddy!! "

သိပ်ကိုပျော်ရွှင်နေချိန်မို့ သိပ်ကိုသဘောကျရတဲ့ နာမ်စားလေးကိုပဲ ထပ်ကာထပ်ကာ ခေါ်ဆိုနေမိတယ်။

" ခေါ်ပဲခေါ်နေတော့မှာလား။ ဘာမှမပြောတော့ဘူးလားကွာ။ "

ပြောမှာပါ Daddyရဲ့။ ပြောချင်တာတွေ များလွန်းနေတာရယ်၊ ဘယ်ကစပြောရမယ်မှန်းမသိတာရယ်ကြောင့် Daddy က ခဏတော့ စိတ်ရှည်ပေးနော်။

" ရှေရီ ...  မင်းတောင်းတဲ့ စကိတ်ကို ကိုယ်က မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပြီနော်။ ကျေနပ်ရဲ့လား။ "

ကျွန်တော့်လက်ထဲ ရောက်လာတဲ့ စကိတ်။ အစိမ်းရောင်ကို မပီမပြင်ခြယ်သထားလို့ အနီရောင်နဲ့ အနားကွပ်ထားသတဲ့ အရောင်ရောစပ်မှုက ထူးထူးခြားခြား။

ကျွန်တော်တောင်းပန်ပါတယ် Daddy. မွေးနေ့လက်ဆောင်အဖြစ် ဘာလိုချင်လဲလို့ မေးခဲ့တဲ့နေ့ကနေစပြီး အပြင်မထွက်တဲ့ Daddy ကကျွန်တော့်မွေးနေ့ကို မေ့နေတယ်လို့ သံသယ၀င်မိပါတယ်။ ဒီက အပြစ်သားလေးကို မေတ္တာရှေးရှုပြီး Daddyကပဲ ခွင့်လွှတ်ပေးမယ်မလားဟင်။

လက်ထဲက စကိတ်ကို ဘေးချထားပြီး Daddy ကို ပြန်လည်ဖက်တွယ်မိတယ်။ ရုန်းကန်ခြင်းမရှိတဲ့အပြင် ကလေးငယ်တစ်ယောက်လိုကျွန်တော့်ကျောပြင်ကို ပွတ်သပ်ပေးလို့။

Falling Leaves To Their RootsWhere stories live. Discover now