Part 11

110 16 0
                                    

Zawgyi

အချိန်တွေဟာ ရပ်တန့်လို့နေတယ်။ အသက်ရှူဖို့တောင် မေ့ရော့နေမိသလို၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်ခြင်းကို အမှူးပြုလို့။

ဒုတ်!! ဒုတ်!!

တစ်ချက်တစ်ချက်ကြားလာရတဲ့ အသံကို အာရုံစိုက်ကာ ကျွန်တော်နားထောင်လိုက်တယ်။ ဆိတ်ငြိမ်နေမှုကို လွန်ဆန်ချင်နေတဲ့အရာဟာ ဘာများလဲ။

ဒုတ်!! ဒုတ်!!    ဒုတ်!! ဒုတ်!!

စည်းချက်ညီစွာ ထပ်မံထွက်ပေါ်လာတဲ့အသံရဲ့ လားရာကို သေချာစူးစမ်းလိုက်တဲ့အခါ တရားခံက ကျွန်တော့်ရဲ့ဝဲဘက်ရင်အုံတဲ့လေ။

အို... ကျွန်တော့်ရဲ့ ရင်ခုန်သံဟာ မြန်ဆန်နေတာပဲ။ " မခုန်စမ်းနဲ့ နှလုံးသားငယ်။ မင်းကြောင့် ငါ့ရဲ့Daddy အနှောင့်အယှက်ဖြစ်သွားပါဉီးမယ်။ "

ကျွန်တော့်ရဲ့ကိုယ်တွင်းအင်္ဂါကတောင် သိသိသာသာကို မျက်နှာလိုက်တယ်။ Daddy စကားမဟုတ်တော့ နားမထောင်ချင်။

" ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ ​ရှေရီ။ "

Daddy မေးတဲ့အသံကို ကျွန်တော်ကြားမှ အသိဝင်တော့တယ်။ ယနေ့ရဲ့အပူချိန် 21ဒီဂရီစင်တီဂရိတ်ခန့် ဟူ၍ ​ခန့်မှန်းသွားတဲ့ မိုးလေဝသသတင်းကပဲ မှားနေသလား။ သဘာဝကြီးကပဲ အပြောင်းအလဲမြန်လွန်းတာလား။

Daddyရဲ့ အမေးစကားတစ်ခွန်းမှာ ပတ်ဝန်းကျင်ဟာ ပူလောင်လာသလို၊ ခန္ဓာကိုယ်ကလည်း ချွေးထွက်လာသလို၊ ကျွန်တော်က အေးတဲ့ရာသီဥတုကို ကြိုက်တဲ့သူမို့နေမှာပါလေ။

" မပေပါဘူး Daddy. "

" ကျိုးရန်လုံက ညစာအတူစားဖို့ခေါ်ထားတယ်။ သွားပြီး ပြင်တော့ ရှေရီ။ "

" ဟုတ်"

ခဏအကြာမှာ ကျွန်တော်ပြင်ဆင်ပြီးလို့ အပြင်ထွက်လာတယ်။ Daddyကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်လို့ ကျွန်တော့်ကိုစောင့်နေလေရဲ့။

" ကျွန်တော်ကြာသွားလား Daddy. "

" မကြာပါဘူးကွာ။ လာ သွားမယ်။ "

ကျွန်တော့်ကို သေချာမကြည့်ဘဲ သွားရန်ပြောလာသည့် Daddy.

" အင်္ကျီက ပါးပါးလေးကွာ။ တစ်ခြားထူတဲ့ဟာနဲ့ လဲလိုက်။ မလဲချင်ရင် အနွေးထည်ဝတ်ခဲ့။ အပြန်ကျ နောက်ကျချင်နောက်ကျမှာ။ ရာသီဥတုက အေးနေတာလေ ရှေရီ။ "

Falling Leaves To Their RootsWhere stories live. Discover now