Zawgyi
Daddyရဲ့ငယ်ရွယ်မှုမှာ အဆင်မပြေခြင်းတွေနဲ့ပြည့်နှက်နေတဲ့အကြောင်းကို အဖိုးကကျွန်တော့်ကိုပြန်ပြောပြရင်း မျက်ရည်လည်နေတယ်။ အပြင်မှာထုတ်မပြဖြစ်ပေမယ့် ကျွန်တော့်နှလုံးသားမှာလဲ မျက်ရည်မြစ်တစ်စင်း စီးဆင်းနေခဲ့တယ်။
Daddyက....။ ကျွန်တော့်အတွက်နဲ့....။
အရာရာကို....။Daddyနဲ့ အဖိုးကြား ဖြစ်ပျက်ခဲ့သမျှအတွက် " ကျွန်တော်တောင်းပန်ပါတယ်။" ဆိုပြီးပြောလိုက်သင့်လား။ ဒါမှမဟုတ် Daddyရဲ့ဆုံးဖြတ်ချက်က ကျွန်တော်နဲ့မှမဆိုင်တာဆိုပြီး မျက်နှာပြောင်တိုက်သင့်လား။
သင့်တော်မယ့်အခြေအနေကို မထိန်းညှိနိုင်တဲ့အခါ တိတ်တိတ်နေဖို့ကိုပဲ ရွေးချယ်မိတယ်။ သေးငယ်တဲ့ဆူညံသံတောင် မကြားရတဲ့အခန်းထဲမှာ တဂျက်ဂျက်နဲ့ နာရီသံက ကျယ်လောင်နေတယ်။ အဲဒီနောက် ကြမ်းပြင်ပေါ် မျက်ရည်တစ်စက်က ဗောက်ခနဲအသံမြည်အောင်ကျသွားတယ်။
ကျွန်တော်ငိုနေမိတာပဲ....။
" ကောင်လေး.... ငါ့မြေးကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့လားကွယ်။ "
ဒီစကားမှာ ကျိုးနွံမှုတွေ အတိုင်းသားပါဝင်နေတယ်။ တောင်းဆိုမှုတွေလဲ ပြည့်နှက်နေတယ်။ ကျွန်တော်ဘာလုပ်သင့်လဲ။ Daddyစိတ်မဆင်းရဲအောင် ကျွန်တော်ဘာလုပ်ပေးရမလဲ။
" Daddyအနားက ထွက်သွားခိုင်းတာကလွဲရင် ကျွန်တော်ဘာမဆိုလုပ်နိုင်ပါတယ်။ "
'ဘာမဆိုလုပ်နိုင်ပါတယ်' ဆိုတဲ့စကားဟာ လွယ်လွယ်ပြောခဲ့တာမဟုတ်တဲ့အပြင် မပြောင်းလဲမယ့် အမှန်တရားတစ်ခုလဲ ဖြစ်နေတယ်။
" ငါ့မြေးက မင်းအပေါ် အမှားတွေကျူးလွန်ရင်တောင် ခွင့်လွှတ်ပေးနိုင်ရဲ့လား။ "
" ခွင့်လွှတ်ပေး....၊ "
စကားကိုဆုံးအောင် မပြောလိုက်ရသေးခင် ကျွန်တော့်အတွေးထဲ ရုတ်တရက်ဝင်ရောက်လာတဲ့အကြောင်းအရာတစ်ခုရှိတယ်။
Daddyကျူးလွန်တဲ့အမှားနဲ့ ကျွန်တော့်ရဲ့ခွင့်လွှတ်ခြင်း....။ နောက်ပြီး ကျွန်တော့်မိဘတွေရဲ့ သေဆုံးခြင်း....။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.