Zawgyi
Annyက Daddyနဲ့ဘာမှမတော်စပ်တဲ့ အတော်လေးရင်းနှီးတဲ့ အဘွားတစ်ယောက်သာဖြစ်တယ်။ အသက်အရွယ်အရသာ အဘွားလို့ သုံးနှုန်းလိုက်ရပေမယ့် ပုံပန်းသွင်ပြင်ကိုသာကြည့်မယ်ဆိုရင်တော့ တကယ်ကိုနုပျိုနေဆဲ၊ သန်မာနေဆဲ အမျိုးသမီးတစ်ယောက်ပဲဖြစ်တယ်။
ဧကတော်တော်များများကို စိုက်ပျိုးထားတဲ့ စပျစ်ခင်းတွေက Annyရဲ့အပိုင်ပါတဲ့။ စိတ်ကြီးတဲ့အမျိုးသမီးတစ်ဉီးဖြစ်တာမို့ သူမကိုယ်တိုင်ပဲဂရုတစိုက်နဲ့စိုက်ပျိုးထားပါသတဲ့။ ဓာတုဆေးဝါးမပါဝင်ဘဲ အော်ဂဲနစ်စစ်စစ်ဖြစ်တဲ့ သူမရဲ့စပျစ်သီးတွေက အတော်လေးလတ်ဆက်ပြီး ချိုမြတာမို့ စားလို့ကောင်းကြောင်းတောင် ကြော်ငြာနေခဲ့ရဲ့။
'ကောင်လေး... ဒီမှာ ခြင်းယူသွား။ စိတ်ကြိုက်ခူးခဲ့။' ဆိုပြီး ပြောလာတဲ့ Annyက ကျွန်တော့်လက်ထဲကို ခြင်းတောင်းတစ်ခုထိုးပေးလာတယ်။ အားနာပါးနာနဲ့ငြင်းမိပေမယ့်...၊
" Annyက အားနာနေရမယ့်လူမဟုတ်ဘူး ရှေရီ။ သွား... ကြိုက်သလောက်ခူးခဲ့။ တစ်ခင်းလုံးခူးရင်တောင် Annyက ခွင့်ပြုပြီးသားပဲ။ သူစိတ်ဆိုးမှာမဟုတ်ဘူး။ " တဲ့။ Daddy ကပြောလာတယ်။
အားနာနေရမယ့်လူမဟုတ်ဘူးလို့ Daddyကပြောလာပြီမို့ Annyကို အားနာမနေတော့ဘဲ စပျစ်သီးတွေကို စိတ်ကြိုက်ခူးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ Annyအကြောင်းအကုန်သိသလို ပြောနေတဲ့ Daddyက ပုံမှန်ထက်တော့ တက်ကြွနေတာ အမှန်ပဲ။
စပျစ်ခင်းဆီကိုသွားတော့ ကျွန်တော်တစ်ယောက်ထဲသာဖြစ်တယ်။ Daddyနဲ့ Annyကတော့ မလှမ်းမကမ်းမှာရှိနေတဲ့ နားနေဆောင်ထဲ နေခဲ့လေရဲ့။ ဘာရယ်မဟုတ်ဘဲ နောက်လှည့်ကြည့်လိုက်တော့ Daddyက အရင်ကထက်ကို ပိုပိုသာသာပြုံးနေလေရဲ့။
Daddyပြုံးရင် ကျွန်တော်ပျော်တယ်။ ကျွန်တော့်အတွက် ပြုံးတာမဟုတ်ဘူးဆိုရင်တောင်၊ ကျွန်တော့်ကြောင့် ပြုံးတာမဟုတ်ဘူးဆိုရင်တောင် ကျွန်တော်ကျေနပ်တာမို့ ဘယ်သူရှေ့မှာပဲဖြစ်ဖြစ် Daddyရဲ့အပြုံးတွေ သက်ဝင်နေဖို့ပဲ ဆုတောင်းတယ်။
စပျစ်ခင်းထဲမှာ ဟိုဟိုဒီဒီလျှောက်သွားနေတာ နာရီဝက်ကျော်နေပြီဖြစ်တယ်။ Daddyရှိရာကိုပြန်ချင်နေပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ Annyက Daddyနဲ့ နှစ်ယောက်ထဲစကားပြောဖို့ ကျွန်တော့်ကို ပ,ထုတ်လိုက်တာဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်က အလိုက်တသိနဲ့ ပြန်မသွားသေးဘဲ နေလိုက်တယ်။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.