Zawgyi
၆နှစ်..။ ကျွန်တော်က Daddyအနားမှာ ရှိသင့်တယ်ဆိုတာကို သက်သေပြဖို့ ၆နှစ်နီးပါး ကြာခဲ့တယ်။ နောက်ပြီး Daddyနဲ့ ကျွန်တော်မတွေ့ဖြစ်တာ ၆နှစ်တောင်ရှိသွားခဲ့ပြီဖြစ်တယ်။
ကုန်ဆုံးခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ Daddyဘယ်လိုနေလဲဆိုတာ ကျွန်တော်သိချင်တယ်။ နေမကောင်းဖြစ်သေးလား၊ တစ်ယောက်ထဲမို့ နေရတာအဆင်ပြေရဲ့လား၊ အိပ်မပျော်တဲ့ညတွေကိုရော ဖြတ်ကျော်နိုင်ပြီလား၊ စွဲလန်းစိတ်တွေရော ရှိနေသေးလား၊ နောက်ပြီး ကျွန်တော့်ကိုရော သတိရနေရဲ့လား။
သိချင်စိတ်တွေကို အောင့်အီးသည်းခံခဲ့တာက Daddyရဲ့အိပ်မပျော်တဲ့ညဘက်တွေအကြောင်းကိုဆွေးနွေးပေးတဲ့ ကုထုံးဆရာဝန်ကြောင့်သာဖြစ်တယ်။ ဒီအကြောင်းအရာတွေက ပဲရစ်ကနေ Daddyဆီကို အလောတကြီးပြန်သွားတဲ့နေ့ရဲ့ နောက်ရက်မနက်ခင်းမှာ စ,တင်တယ်။
.
.
.
.
.နံနက်ခင်းရဲ့နေရောင်ခြည်က ပြတင်းပေါက်ကိုကျော်ပြီး အခန်းတွင်းဝင်ရောက်လာတာများ တကယ်ကို စူးစူးရှရှ..။ တစ်ယောက်က တစ်ယောက်ရဲ့ပိုင်ဆိုင်မှုပါဆိုပြီး တံဆိပ်ခတ်နှိပ်သိမ်းပိုက်ပြီးတဲ့အကြောင်းကိုပြန်တွေးမိတော့ အနည်းငယ်တော့ ရှက်စိတ်ဝင်မိရဲ့။
ဘေးနားမှာ အိပ်စက်လဲလျောင်းနေသူကို ကြည့်ပြီးပြုံးလိုက်မိတယ်။ အရင်ကဆို ကျွန်တော့်ထက်အရင် အိပ်ယာထတတ်တဲ့ Daddy. အခုလိုမျိုး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံကို မြင်လိုက်ရတာက ကျွန်တော့်အတွက်တော့ ရှားရှားပါးပါး။
နံနက်စာပြင်ဖို့ မီးဖိုချောင်ကိုသွားမယ်အလုပ် ရုတ်တရက်လှုပ်ရှားလိုက်မှုမှာ ခန္ဓာကိုယ်ရဲ့နေရာတစ်ခုက နာနာကျင်ကျင်ဖြစ်သွားတယ်။ အဲဒီနာကျင်မှုမှာပဲ ကျွန်တော်ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ ကျွန်တော်က Daddyရဲ့အပိုင်ဖြစ်သလို၊ Daddyကလဲ ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာကို ဒီနာကျင်မှုက သက်သေဖြစ်တာမို့..။
အတွေးတွေကို လက်စသတ်ပြီး Daddyမနိုးခင် နံနက်စာအတွက် ပြင်ဆင်လိုက်တယ်။ အရင်လိုသာဆိုရင် ပေါင်မုန့်မီးကင်နဲ့ ကော်ဖီတစ်ခွက်လောက်ရယ်က နံနက်စာဖြစ်ပေမယ့် ဒီနံနက်မှာတော့ ကျွန်တော်က ပုံစံပြောင်းပစ်ချင်တယ်။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.