Zawgyi
နောက်ရက်မနက်မှာ Daddyရဲ့ မှာကြားချက်အရ အတွင်းရေးမှူးဆိုသော အမျိုးသမီးကအိမ်ကိုရောက်လာတယ်။
ဧည့်ခန်းထဲမှာ ကျွန်တော်ရယ် Daddyရယ် အဲဒီအမျိုးသမီးရယ် သုံးယောက်ထဲသာ ရှိနေတာဖြစ်တယ်။ ကျွန်တော့်ဘက်က အမှားဖြစ်တယ်ဆိုစေဉီးတော့ အမှားကို ၀န်ခံပြီး တောင်းပန်ရမယ်ပကိစ္စက ထင်သလောက်လွယ်ကူမနေခဲ့။
အဲဒီပြင် သူမက ကျွန်တော့်ကို အပြစ်မဆိုဘဲ Daddy ကဆူသေးလား ဆိုပြီးတော့တောင် စိတ်ပူနေသေးတာမို့ ပိုပြီး မျက်နှာပူတယ်။
" ရှေရီ .... ကိုယ်ဘာပြောထားလဲ၊ မေ့နေပြီလား။ "
Daddy ကကျွန်တော့်ကို သတိပေးတယ်။ မမေ့ပါဘူး Daddyရာ။ Daddyနဲ့ပတ်သက်တာတွေဆိုရင် ဘာတစ်ခုမှ မေ့လို့မရဘူးလေ။
" ကျွန်တော်မမေ့ပါဘူး Daddy. ပြောစရာရှိရင် ပြောရမယ်။ တွေဝေနေတာမျိုး Daddy မကြိုက်ဘူး။ "
ကျွန်တော်က အဲလိုပြောလိုက်တဲ့အခါ Daddy ကပြုံးတယ်။ သူမကလည်း ကျွန်တော်တို့ကို ကြည့်ပြီး ပြုံးနေတယ်။
" ဟို.... မနေ့ကကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်အမှားဆိုပေမယ့် ကျွန်တော်ကိုယ်တိုင်တောင် မှားမှန်းမသိ မှားခဲ့မိတာဆိုတာကိုတော့ သိထားပေးပါ။ ထပ်ပြီး တောင်းပန်ပါတယ်။ ဒီမှာ ကော်ဖီခွက်ပါ။ ကျွန်တော်လုပ်ခဲ့သလို ပြန်လုပ်လိုက်ရမှ ကျေနပ်မယ်ဆိုရင်လဲ ပြန်ပက်လိုက်လို့ရပါတယ်။ "
သူမရှေ့ကို ကော်ဖီခွက်တစ်ခွက် ပေးလိုက်တယ်။ အစပိုင်းမှာ တောင်းပန်ဖို့ရာ ပြောမထွက်သလိုဖြစ်နေမိပေမယ့် စောနက မြင်လိုက်ရတဲ့ Daddyရဲ့အပြုံးက ခွန်အားဖြစ်ခဲ့တယ်ထင်ပ။ တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသွားလိုက်တာ ကိုယ့်ကိုကိုယ်တောင် အံ့သြမိရဲ့။
" Wow!!! Sean ရဲ့လူပီသပါပေတယ်။ "
" ဗျာ။ "
သူမပြောလိုက်တဲ့စကားကို ကျွန်တော်နားမလည်။ ဘာအဓိပ္ပာယ်နဲ့ ပြောသလဲဆိုတာ ကျွန်တော်မသိ။ ဒါပေမယ့် သူမပြောသွားတာ Sean ရဲ့လူ တဲ့လား။ နားဝင်ချိုလိုက်တာ။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.