Zawgyi
လက်ခံနိုင်အားထက်ပိုတဲ့ အမှန်တရားတွေကို သိဖို့အချိန်ကျလာတယ်။ Daddyဖွင့်ဟမပြတဲ့အတိတ်ကို ကျွန်တော်အလည်ရောက်ခဲ့တယ်။ 'မဖြစ်နိုင်တာ' ဆိုပြီး အံ့သြချိန်တောင် မရခဲ့တဲ့ အဖြစ်အပျက်တွေက ကျွန်တော်နဲ့သက်ဆိုင်နေခဲ့တာဖြစ်တယ်။
" ကောင်လေး... ငါ့မြေးက ဘယ်လောက်တောင်အစွဲအလမ်းကြီးလဲ မင်းသိလား။ "
အဖိုးက Daddyရဲ့အတိတ်ကို လှစ်ဟဖို့ ဒီမေးခွန်းနဲ့ အစပြုတယ်။ ယိုဖိတ်နေတဲ့ မျက်ရည်တွေကို မသုတ်မိ။ ကျွန်တော့်Daddyရဲ့အတိတ်အကြောင်း သိခွင့်ရတော့မှာပါလားဆိုပြီး စိတ်လှုပ်ရှားနေပေမယ့် တစ်ဖက်မှာလဲ ကြောက်ရွံ့နေခဲ့မိတယ်။
.
.
.
.
." အဖိုး.... ပါးနဲ့မားရော။ "
ဆေးနံ့တွေမွှန်ထူနေတဲ့အခန်းတစ်ခန်းထဲ ကုတင်ပေါ်မှာ ဖြူဖပ်ဖြူရော်နဲ့ လဲလျောင်းနဲ့တဲ့ သူ့ရဲ့မြေးငယ်။ မှန်ကွဲစတွေစိုက်ဝင်နေတဲ့ လက်နဲ့ခြေထောက်က ဆေးထည့်ထားပေမယ့် ပတ်တီးဖြူဖြူပေါ်မှာ သွေးစို့နေတာကို မြင်နေရဆဲ။
သတိပြန်ရ,ရချင်း မေးလာတာမိဘတွေအကြောင်း။ သူဘာပြန်ဖြေရမလဲ။ 'မင်းမိဘတွေ သေသွားပြီ' လို့ရက်ရက်စက်စက်နဲ့ ပြတ်ပြတ်သားသားပဲ ပြောလိုက်ရမလား။ ဇာတ်လမ်းထဲမှာလို 'မင်းမိဘတွေက ကြယ်တြွေဖစ်သွားပြီး မင်းကိုစောင့်ကြည့်နေမှာ' လို့ မရေမရာဖြေရမလား။ ဒါမှမဟုတ် 'မင်းမိဘတွေက မင်းမသိအောင် ခရီးထွက်သွားတယ်။' လို့ပဲ လိမ်ပြောရမလား။
" အမှန်အတိုင်းပဲပြောပါ။ "
သူ့အတွေးတွေကို မြင်နေတဲ့အလား အမှန်မတိုင်းပဲပြောဖို့ စကားထောက်နေတာက ၁၇နှစ်အရွယ် တစ်ဉီးတည်းသော သူ့ရဲ့မြေး။
" သူတို့၂ယောက်လုံး သွေးထွက်လွန်ပြီး အဲဒီနေရာမှာတင် ဆုံးသွားတယ် ငါ့မြေး။ အဖိုးတို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ "
သိချင်နေတဲ့မျက်ဝန်းတွေကြောင့် တိတိကျကျပဲ ပြန်ဖြေပေးလိုက်မိတယ်။ မိဘတွေမရှိတော့တဲ့ ဒီကလေးရဲ့ဘ၀မှာ အားကိုးရာက သူဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ဘ၀ကို ရင်ဆိုင်နိုင်ဖို့ သန်မာဖို့လိုအပ်တာမို့...။
YOU ARE READING
Falling Leaves To Their Roots
FanficThe leaves of the tree always return to their roots.