Part 7

148 21 0
                                    

Zawgyi

Daddy ကကျွန်တော့်ကို ရုပ်ရှင်ကြည့်မလားလို့ မေးလာတဲ့အခါ အလွယ်တကူပဲ ကျွန်တော်လက်ခံလိုက်တယ်။ Daddy ကရုပ်ရှင်ကြည့်ဖို့ စိတ်အားထက်သန်နေတာကိုး။

ဝရံတာကနေအိမ်ထဲကို ကူးပြောင်းဖို့ ပြင်တဲ့အခါ Daddy ကအရင်မတ်တပ်ရပ်ပြီး ထိုင်နေဆဲ ကျွန်တော့်ဆီကို လက်တစ်ဖက်လှမ်းတယ်။ ကမ်းလာတဲ့လက်ကိုတစ်လှည့်၊ Daddy မျက်နှာကိုတစ်လှည့် ကြည့်မိတယ်။

လေပြည်အေးကြောင့် အေးစက်နေမယ့် လက်တစ်ဖက်ဖြစ်နေသည့်တိုင် ကျွန်တော့်ကို နွေးထွေးလုံခြုံမှုတွေ ပေးနေသေးတယ်။ ကြည့်ရတာ Daddyရဲ့မေတ္တာတွေက တရားခံဖြစ်မယ်ထင်ရဲ့။

ကျွန်တော့်ကို ဆိုဖာပေါ်မှာ အရင်ထိုင်စေပြီး Daddy ကတော့ ဇာတ်ကားရွေးနေတယ်။ "ရှေရီ.. မင်းဘာဇာတ်ကားကြည့်ချင်လဲ" လို့ Daddyကမေးလာရင်တော့ " Daddyမျက်နှာကိုပဲ ကြည့်ချင်တာ" ဆိုပြီး သတိလက်လွတ်မဖြေမိဖို့ ထိန်းနေရတယ်။

အတော်ပါပဲ။ Daddyက အဲဒီမေးခွန်းကို မမေးခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မေးခွန်းပေါင်းမြောက်များစွာ ရှိနေခဲ့တာ အမှန်။

Daddyက ဘယ်လိုဇာတ်ကားကို ကြည့်ချင်နေတာလဲ။

Drama ချိုးတဲ့ဇာတ်ကားဆိုရင်တော့ အဆင်ပြေမယ်မထင်။ အခုနောက်ပိုင်း ကျွန်တော်က ခံစားလွယ်လာပြီဖြစ်တယ်။ ၀မ်းနည်းရတဲ့အပိုင်းတွေဆိုရင် မျက်ရည်ဖြိုင်ဖြိုင်ကျနေမိမလား။

Comedy ဆိုရင်ရော အဆင်ပြေလောက်မလား။ ရယ်စရာပါလို့ တဟားဟား အော်ရယ်မိတဲ့အခါ ဣန္ဒြမေဲ့လိုက်တာဆိုပြီး Daddy စိတ်ခုသွားရင် ဘယ်လိုလုပ်မလဲ။

Horror ကားလား။ ကျွန်တော်က အသည်းငယ်တယ် Daddyရဲ့။ သရဲကိုလည်း ကြောက်သလို စိတ္တဇလူသတ်သမားတွေကိုလည်း မကြည့်ရဲဘူး။

ဒါဆို Romance ဆိုရင်ရော။ မင်းသားနဲ့ မင်းသမီးက ကြည်နူးစရာကောင်းအောင် ချစ်ပြနေရင်၊ ဒါမှမဟုတ် နမ်းတဲ့အခန်းတွေ ပါလာရင် .... ဘုရားရေ။ တွေးကြည့်ရုံနဲ့တင် မျက်နှာတွေ ပူလာပြီ။ အခန်းအပူချိန် မြင့်လာလို့ထင်ရဲ့။

အပူချိန်ခပ်နွေးနွေးကို ရလိုက်တယ်။ ကျွန်တော့်အနားကို လာထိုင်တဲ့ Daddy. ဇာတ်ကားကို ကြည့်ဖို့ရှေ့ကိုလှည့်လိုက်တော့ ပုံမှန်ကြည့်နေကြ TV မဟုတ်ဘဲ အဖြူရောင်ပိတ်ကားချပ်တစ်ခု။

Falling Leaves To Their RootsWhere stories live. Discover now