Zawgyi
မျက်ရည်တွေကိုမြင်တော့ Daddyက တုန်လှုပ်သွားတယ်။ မထင်မှတ်ဘဲတွေ့လိုက်ရတော့ အံ့သြနေသလိုမျိုး။ ဒါမှမဟုတ် ၀မ်ရိပေါ်က ပျော့ညံ့လိုက်တာဆိုပြီး တွေးနေတာလဲ ဖြစ်နိုင်တယ်။
"ဟာ... ဘာလို့ငိုတာလဲ ရှေရီ။ ဘာဖြစ်တာလဲ။ ကိုယ့်ကိုပြော!! မြန်မြန်ပြောစမ်းပါကွာ။ ရင်တွေပူလာပြီ။ "
စိုးရိမ်တကြီးဖြစ်နေတဲ့ Daddyကို အထင်မှားမိပြန်တော့ စိတ်ထဲမကောင်း။ Daddyကိုမှ အမြင်မှားရက်လေခြင်း ဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်က ၀င်လာတော့ မျက်နှာချင်းဆိုင်ရမှာ ရှက်လာတာမို့...။
"ဘာမှမဖြစ်ပါဘူး Daddy. ကျွန်တော်ငိုနေတာမဟုတ်ပါဘူး။ မျက်လုံးထဲအမှုန်ဝင်သွားလို့။ "
"တော်သေးတာပေါ့ကွာ။ ကိုယ်အမှားလုပ်မိလို့များလို့ စိတ်ပူလိုက်ရတာ။ မျက်လုံးက အဆင်ပြေရဲ့လား ရှေရီ။ "
ယုံချင်စရာမကောင်းတဲ့မုသားကိုယုံနေတဲ့ Daddyက ကျွန်တော်ပြောသမျှအမှန်လို့ ထင်မှတ်တာမျိုးလား။
ဒါမှမဟုတ် ကျွန်တော်ပြောတာ မှန်တယ်၊မှားတယ်ဆိုတာကို မစဉ်းစားချင်တော့တာလား။
"ဘာမှမဖြစ်တော့ပါဘူး Daddy. ဘာပြောချင်တာရှိသေးလဲဟင်။ "
"ဘာလို့လဲ!! "
" Daddyက ဘာမှပြောစရာမရှိတော့ရင် ကျွန်တော်အခန်းထဲသွားတော့မလို့ပါ။ နားချင်ပြီ။ "
" နားချင်ရင် နားတော့လေ။ လေယာဉ်စီးရင် ပင်ပန်းရဉီးမှာဆိုတော့။ "
" ဟုတ်ကဲ့။ "
ထိုကဲ့သို့ ဖြေပြီး အခန်းထဲကို သွားဖို့ပြင်လိုက်တယ်။ ဝါကျင်ကျင်မီးရောင်တွေရှိတဲ့ အခန်းထဲကို မြန်မြန်သွားရမယ်။ နွေးထွေးတဲ့အငွေ့အသက်တွေကို ရနိုင်သမျှရချင်သေးတယ်။ အမှတ်တရတွေကို တတ်နိုင်သမျှ ထုပ်ပိုးရဉီးမယ်။
Daddy မရှိတဲ့နေ့ရက်တွေကို ရင်ဆိုင်နိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားရဉီးမယ်။
.
.
.
.
.ပြည်ပခရီးမထွက်ဖူးသေးတဲ့ ကျွန်တော့်ကို Daddyက ပဲရစ်အထိလိုက်ပို့ပေးတယ်။ တစ်လက်စတည်း တစ်ယောက်ထဲမနေတတ်သေးတဲ့ ကျွန်တော့်ကို ပဲရစ်မှာ အထီးမကျန်ခိုင်းရင်ကောင်းမယ်လို့ မျှော်လင့်မိနေတုန်း။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.