Zawgyi
" Wow!!! so amazing ပဲ ရိပေါ်။ ဒီလို colour နဲ့လဲ လိုက်တာပဲနော်။ "
ညနေစာလာချက်ပေးတဲ့ Saraက ကျွန်တော့်ကို မြင်မြင်ချင်း ပြောလာတဲ့ စကား။ Brian လုပ်လို့ ဒီလိုပုံဖြစ်လာရတဲ့အကြောင်း ပြန်ရှင်းပြတော့ ဟက်ဟက်ပက်ပက်ကို ရယ်နေလေရဲ့။
အရယ်ခံရပေမယ့်လဲ မတတ်နိုင်။ ကျွန်တော်အ,လို့ ကျွန်တော်ခံလိုက်ရတာပဲ။ 'အတွေ့အကြံရတာပေါ့' ဆိုပြီး အကောင်းဘက်က ဖြေတွေးလိုက်တယ်။ မသိစိတ်မှာတော့ အလှည့်ကျ မနွဲ့စတမ်းဆိုပြီး ကြိမ်းဝါးနေမိမှာ ဧကန်မလွဲ။
နာရီအားဖြင့် ၂နာရီနီးပါး ကြာတဲ့အခါ ညစာချက်ခြင်းအမှုပြီးသွားတဲ့အတွက် Saraက ပြန်ဖို့ရာ ပြင်နေပြီ။ ကျွန်တော် သိချင်တာအတွက် မေးရင် ကောင်းမလား၊ မကောင်းဘူးလား ဝေခွဲရင်း သိချင်စိတ်က တားမနိုင်၊ ဆီးမရ။
" Sara!! ကျွန်တော် မေးချင်တာလေးရှိလို့။ "
အဲလိုပြောလိုက်တဲ့အခါ Saraက မျက်နှာချင်းဆိုင်မှာ လာထိုင်တယ်။ ခပ်အေးအေးလေးထိုင်နေတဲ့ Saraက ဘာမေးမေး စိတ်ရှည်လက်ရှည် ဖြေပေးမယ့်ပုံ။
" ကျွန်တော့်ကို Daddyအကြောင်းပြောပြပါလား။ "
Daddyအကြောင်းကို Daddyမဟုတ်တဲ့ တခြားတစ်ယောက်စီက သိရမှာကိုတော့ သဘောမကျ။ ဒါပေမယ့် အခုချိန်ထိ Daddyအကြောင်း သေချာမသိခဲ့တာမို့။
" မင်းက ဘာတွေသိချင်တာလဲ ရိပေါ်။ "
" ကျွန်တော်..... ကျွန်တော်က Daddy အကြောင်း ဘာကိုမှ မသိဘူး Sara. "
ရှက်ရှက်နဲ့ ၀န်ခံလိုက်ရတဲ့ အမှန်တရားပါပဲ။ မှန်ကန်မှုတိုင်းက မတရားတဲ့အခါ နာကျင်ခြင်းက လက်ကမ်းကြိုတယ်။
" Sean ရဲ့မိဘတွေက သူငယ်ငယ်လေးကထဲ ဆုံးသွားတယ်ဆိုတာကိုပဲ တို့သိတယ်။ ဘာကြောင့်ဆိုတာတော့ မသိဘူး။ တို့ရဲ့ အလုပ်ရှင်...၊အင်း ... Sean ရဲ့အဖိုးပေါ့၊ သူ့လက်ထဲမှာပဲ Sean က ကြီးလာတာ။ အဲဒီတော့ Sean ရဲ့ခံယူချက်တွေ၊ ပြတ်သားမှုတွေ၊ အေးစက်ခက်ထန်မှုတွေက သူ့အဖိုးဆီကပဲ အမွေရတယ်ဆိုရမှာပေါ့။ "
တကယ်ဆိုရင် Daddy ပုံစံက အေးစက်တယ်။ မကြမ်းတမ်းပေမယ့် ခက်ထန်တယ်။ လူငယ်ဆန်ဆန်ပြောရရင် ချေတယ်။ ဆုံးဖြတ်ချက်တွေက ပြတ်သားလွန်းတယ်။ Daddy တောင် အဲလိုဖြစ်နေရင် Daddyကိုစောင့်ရှောက်တဲ့ အဖိုးဆိုသူကကော ဘယ်လိုနေမလဲ။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.