Part 40

85 15 3
                                    

Zawgyi

မျက်စိရှေ့မှာ မြင်နေရတာက သာမန်အဆောက်အဉီးတစ်ခုမဟုတ်တဲ့ ကျွန်တော့်ရဲ့ပန်းတိုင်တစ်ခု။ ဒီအဆောက်အဉီးဖြစ်လာဖို့အရာ ကျွန်တော့်အနေနဲ့အတော်လေးကြိုးစားခဲ့ရတာ။ အာဏာပိုင်တွေနဲ့ ပတ်သက်လိုက်ရတဲ့အထိပဲ။

" ဘယ်လိုလဲ ရိပေါ်။ ကိုယ်တိုင်မြင်လိုက်ရတော့ ဘယ်လိုခံစားရလဲ။ "

ဘေးနားမှာရပ်နေတဲ့ Saraက မေးလာတယ်။ ဒီအဆောက်အဉီးဖြစ်တည်လာဖို့အတွက် သူမကိုလဲ အများကြီး အကူညီတောင်းခဲ့ရသေးတယ်။

" ဒီခံစားမှုမှာ ကျွန်တော်က အဓိကမကျပါဘူး။ သူတို့တွေသာ အဆင်ပြေနေရင် ရပြီ။ ဒါက အရင်ကရော အခုထိပါ တွေးမိတဲ့တစ်ခုတည်းသော ခံစားချက်ပဲ Sara. "

" Seanက မင်းအတွက် ဂုဏ်ယူနေတော့မှာပဲ ရိပေါ်။ "

" Daddyအတွေးတွေကို ကျွန်တော်မသိနိုင်သေးတာ ခက်တာပဲ Saraရယ်။ ဂုဏ်ယူနေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဟဲ ဟဲ။ "

" ရိပေါ်ကော..၊ အချိန်ကျပြီ။ "

Saraနဲ့စကားကောင်းနေတုန်း အနားရောက်လာတဲ့ ကျွန်တော့်လက်ထောက်လေး Neo Land. (နီယိုလန်း). ဒီကောင်လေးနဲ့ ကျွန်တော် တွေ့ဆုံပုံက ထူးခြားတယ်လို့ ဆိုနိုင်တယ်။

ဒီကောင်လေးကို ကျွန်တော်သွားနေကျ ဆိုင်ကယ်ကွင်းရဲ့ဘေးမှာ ပထမဆုံးတွေ့တာ။ အဲဒီနေ့က သူဟာ ဘေးနားက ကလေးတစ်သိုက်ကို မုန့်တွေဝေပေးနေတယ်။ သူ့လက်ထဲ ဘာကိုမှ မကျန်တော့အောင်ထိကို..။

ဒီလိုမြင်ကွင်းမျိုးကို ၃ခါ၊ ၄ခါနီးပါးမြင်လာရတဲ့အခါ ဒီကောင်လေးကို ကျွန်တော်စောင့်ကြည့်လာမိတယ်။ တစ်ခါမှာတော့ မုန့်ဝေပေးတတ်တဲ့ ဒီကောင်လေးကို သက်လတ်ပိုင်း လူကြီးတစ်ယောက်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲပြောဆိုရိုက်နှက်နေတယ်။

'မင်းတို့ကို ဘာမှမကျွေးဘဲ ပစ်ထားလို့လား။  မင်းမှာ ဉီးနှောက်ပါရင် မင်းဖြုန်းလိုက်တာ ဘယ်သူ့ရဲ့ပိုက်ဆံတွေဆိုတာ သေချာစဉ်းစားကြည့်စမ်း။ '

'ကျွန်တော်တို့က ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ခင်ဗျားကို ပေးရမယ့်ပိုက်ဆံတွေ မလျော့စေရပါဘူး။ သူတို့ကိုမုန့်ဝယ်ကျွေးတာကလဲ ကျွန်တော့်ပိုက်ဆံထဲကပါပဲ။ ခင်ဗျားရဲ့ငွေမဟုတ်ပါဘူး။ '

Falling Leaves To Their RootsWhere stories live. Discover now